အမေရိကန် နဲ့ ဗင်နီဇွဲလား – ထရမ့် နဲ့ မာဒူရို – အထူးသုံးသပ်ချက် (ကိုအောင်မိုးဝင်း)
‘’လူမိုက်စကားနဲ့ပြောရင် တိုက်ချင်လို့ကို တိုက်တာ…’’ ကိုအောင်မိုးဝင်း (နိုင်ငံတကားအရေး သုံးသပ်သူ) အမေရိကန်က ဗင်နီဇွဲလားကို ဝင်တိုက်ပြီး သမ္မတ မာဒူရိုကို လက်ရ ဖမ်းဆီးကာ နယူးယောက်မှာ ရုံးတင်လိုက်တာဟာ ကျူးကျော်မှုလား တရားမျှတမှု အတွက်လား ဆိုတာ (နိုင်ငံတကာအရေး သုံးသပ်သူ) ကိုအောင်မိုးဝင်း ကို မေးမြန်းပြီး အထူးတင်ဆက်ထားပါတယ်။ သမ္မတထရမ့်ကတော့ မာဒူရိုကို မူးယစ်ဆေးဝါး ကုန်ကူးမှု နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ထားတဲ့ ရာဇဝတ်ကောင်ဖြစ်လို့ ဖမ်းဆီးရတာဖြစ်ကြောင်း၊ ဒါဟာ နိုင်ငံတကာ လုံခြုံရေးအတွက် လုပ်ဆောင်တာဖြစ်တယ်လို့ ပြောကြားထားပါတယ်။ ဗင်နီဇွဲလာနဲ့ မဟာမိတ်ဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့က ထရမ့်လုပ်ရပ်အပေါ် လက်ခံနိုင်ပါလား…ထရမ့်ဟာ နိုင်ငံတကာ ဥပဒေ နဲ့ အမေရိကန် ကွန်ဂရက်ရဲ့ သဘောတူညီမှုတွေကို ချိုးဖေါက်ခဲ့လား…ဒီ ကျူးကျော်မှု နောက်ကွယ်မှာ
