နိုင်ငံရေး

CRPH နဲ့ NUG ကို တရားဝင် အသိအမှတ်ပြုဖို့ ပြည်ထောင်စုလွှတ်တော်က က နိုင်ငံတကာကို တောင်းဆို

ဒီဇင်ဘာ ၂၀ – ၂၀၂၅

ဒီဇင်ဘာ ၁၉ ရက်နေ့ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကနေ CRPH နဲ့ NUG ကို တရားဝင် အသိအမှတ်ပြုဖို့ အပါအဝင် အချက် ၉ ချက်ကို နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။

ကျန်တဲ့အချက်တွေကတော့

၂၀၂၆ ကျရင် နိုင်ငံတကာပါလီမန်များညီလာခံကနေ ၂၀၂၀ ရွေးကောက်ခံတွေကို ဆက်လက် အသိအမှတ်ပြုပေးဖို့

နည်းပညာ ငွေကြေး နဲ့ နိုင်ငံရေး ထောက်ခံမှု ပေးဖို့

သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထားသူတွေ အားလုံး လွတ်မြောက်စေရေး ပူးပေါင်းဆောင်ရွက်ပေးဖို့

စစ်တပ်ခေါင်းဆောင်တွေကို နိုင်ငံတကာ ဥပဒေတွေနဲ့ အရေးယူနိုင်အောင် လုပ်ပေးဖို့

အတုအယောင်ရွေးကောက်ပွဲနဲ့ ထွက်ပေါ်လာမယ့် ရလဒ်ကို အသိအမှတ်မပြုဖို့

အွန်လိုင်းလိမ်လည်မှု (ကျားဖျန့်) တိုက်ဖျက်ရေးမှာ NUG နဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့

လူသားချင်းစာနာမှုအကူအညီတိုးမြှင့်ပေးဖို့ နဲ့

မြန်မာ့ငြိမ်းချမ်းရေး အတွက် တွေ့ဆုံညှိနှိုင်းမှုကနေ အဖြေရှာနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးဖို့ ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *