THN Public Media Blog သတင်း နိုင်ငံရေး CRPH ပြည်ထောင်စုလွှတ်တော် ကျင်းပပြီးတဲ့နောက် နေပြည်တော်မှာ လွှတ်တော်တွေ စတင်
နိုင်ငံရေး

CRPH ပြည်ထောင်စုလွှတ်တော် ကျင်းပပြီးတဲ့နောက် နေပြည်တော်မှာ လွှတ်တော်တွေ စတင်

ဇွန် ၂ – ၂၀၂၆

မနေ့ ဇွန်လ ၁ ရက်နေ့မှာ CRPH ကနေ ပြည်ထောင်စုလွှတ်တော် အစည်း အဝေးကို အွန်လိုင်းကနေ ကျင်းပပြီးစီး တဲ့နောက် ဒီကနေ့မှာတော့ နေပြည်တော်မှာ လွှတ်တော် အစည်းအဝေးတွေ ပြန်လည်စတင်နေပြီ ဖြစ်ပါတယ်။

CRPH ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် (၁၈၄) ဦး တက်ရောက်ခဲ့ပြီး အဆို ၃ ခု တင်ပြဆွေးနွေး အတည်ပြုခဲ့ တယ်လို့ သိရပါတယ်။

နေပြည်တော်မှာတော့ ဒီကနေ့မှာ ပြည်သူ့လွှတ်တော် နဲ့ အမျိုးသား လွှတ်တော် တို့ရဲ့ တတိယအကြိမ် ဒုတိယ ပုံမှန် အစည်းအဝေးတွေကို ကျင်းနေတာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်မှာတော့ အစားထိုး ဝင်ရောက်လာတဲ့ တပ်မတော်သား ကိုယ်စားလှယ် ၄ ဦး ဒီကနေ့ ကျမ်းကျိန်ခဲ့ပါတယ်။

အမျိုးသားလွှတ်တော်မှာတော့ အွန်လိုင်းလိမ်လည်မှု နဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းတင်သွင်းဖို့ ရှိပြီး မေးခွန်းမေးမြန်းမှုတွေလည်း ရှိမယ်လို့ သိရပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version