နိုင်ငံတကာ

DKBA ထိန်းချုပ်ဒေသ ကျောက်ခက် ကျားဖျန့်ကနေ လိမ်ဖို့ဖွင့်ထားတဲ့ ခရစ်တို ငွေကြေး ရင်းနှီးမြှုပ်နှံတဲ့ ဝက်ဘ်ဆိုက် တခုကို FBI သိမ်းဆည်း

ဒီဇင်ဘာ ၃ – ၂၀၂၅

အမေရိကန်ပြည်ထောင်စု ဆန်ဒီယေဂို FBI စုံစမ်းစစ်ဆေးမှု အရ မြန်မာနိုင်ငံ DKBA ထိန်းချုပ်ဒေသ ကျောက်ခက် ရဲ့ Tai Chang ကျားဖျန့် စခန်းကနေ အသုံးပြု နေတဲ့ လိမ်ဖို့ ဖွင့်ထားတဲ့ ခရစ်တိုငွေကြေး ရင်းနှီးမြှုပ်နှံမှု ဝက်ဘ်ဆိုက် ‘’tickmilleas.com’’ ကို Scam Center Strike Force ကနေ သိမ်းဆည်း လိုက်ကြောင်း FBI ဆန်ဒီယေဂို ကနေ မနေ့က ထုတ်ပြန်လိုက် ပါတယ်။

tickmilleas.com ဝက်ဘ်ဆိုက်ဟာ တရားဝင်ရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်း အဖြစ် ဟန်ဆောင်ထားခဲ့ပြီး လူတွေကို လှည့်ဖြားကာ ငွေထည့်ဝင်ကြဖို့ လုပ်ဆောင် နေတာလို့ FBI က ပြောပါတယ်။

ငွေထည့်ဝင်သူတွေဟာ သူတို့ရဲ့ အကျိုးအမြတ်များစွာကို ဝက်ဘ်ဆိုက်မှာ ပြသ နေတာကို တွေ့ရကြောင်း၊ တကယ်တမ်းမှာ ကျားဖျန့်တွေ က ထည့်ဝင်သူတွေရဲ့ အကောင့်ထဲ ငွေသွင်းထားမှု အတုတွေသာ ဖေါ်ပြထားသာ ဖြစ်ကြောင်း FBI ကို ပြောပြကြပါတယ်။

ကျားဖျန့်တွေက ဒီ tickmilleas.com ဝက်ဘ်ဆိုက် နဲ့ တွဲသုံးဖို့ သုံးစွဲသူတွေကို Google Play နဲ့ Apple App Store တို့ကနေ မိုဘိုင်း အက်ပလီကေးရှင်းတွေကို ဒေါင်းလုဒ်လုပ်ဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

FBI ကနေ အဲဒီ tickmilleas နဲ့ ဆက်စပ်နေတဲ့ အက်ပ်တွေ အကြောင်း Google နဲ့ Apple ထံ အကြောင်းကြားခဲ့ပြီးနောက် အက်ပ်အချို့ကို စတိုးတွေကနေ ဖယ်ရှားခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီ ဝက်ဘ်ဆိုက် (ဒိုမိန်း) ဟာ ကျောက်ခက် က ကာစီနို ကိုဆိုင်း (Casino Kosai) ကနေ အသုံးပြုနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမေရိကန်ရဲ့ ကျားဖျန့် တိုက်ဖျက်ရေး Strike Force ဟာ Meta (အရင် Facebook) ကုမ္ပဏီနဲ့ ညှိနှိုင်းပြီး Tai Chang ကျားဖျန့် စခန်းနဲ့ ဆက်စပ်နေတဲ့ ဖေ့စ်ဘွတ် အကောင့်တွေကို ဖေါ်ထုတ်ဖို့ လုပ်ခဲ့ပါတယ်။

အခုလို ပူးပေါင်း ဆောင်ရွက်မှု တစိတ်တပိုင်း အနေနေဲ့ Meta ကနေ အကောင့်ပေါင်း ၂၀၀၀ ခန့်ကို ဖယ်ရှားပေးခဲ့ပါတယ်။

အရှေ့တောင်အာရှ ကျားဖျန့်တိုက်ဖျက်ရေး အမေရိကန်က ဖွဲ့စည်းလိုက်တဲ့ Scam Center Strike Force စတင်ကြေညာပြီး သုံးပတ် မပြည့်မီ အခုလို ဝက်ဘ်ဆိုက် တခုကို သိမ်းဆည်းနိုင်ခဲ့တာ ဖြစ်ပြီး အလာတူ နောက်ထပ် ဒိုမိန်း ၂ ခု ကိုလည်း သိမ်းဆည်းခဲ့ပြီး ဖြစ်ပါတယ်။

ကျောက်ခက် ရဲ့ Tai Chang ကျားဖျန့် ဟာ အမေရိကန်က နိုဝင်ဘာ ၁၂ ရက်နေ့က ဒဏ်ခတ်ပိတ်ဆို့ DKBA ခေါင်းဆောင်တွေ၊ Trans Asia International Holding Group Thailand Company Limited (Trans Asia) တို့နဲ့ ဆက်စပ်နေကြောင်း ‌ဖေါ်ပြထားပါတယ်။

ဒီ ‘’tickmilleas.com’’ ဝက်ဘ်ဆိုက်ကို သိမ်းဆည်းလိုက်တာဟာ အရှေ့တောင်အာရှ က ကျားဖျန့်တွေကို အမြင့်ဆုံးအဆင့် တိုက်ဖျက်ဖို့နဲ့ အမေရိကန်ရဲ့ အခြေခံ အဆောက်အအုံ တွေကို ကျားဖျန့်ရဲ့ အသုံးပြုမှုက ရပ်တန့်ဖို့ အတွက် Scam Center Strike Force ရဲ့ ကြိုးပမ်းအားထုတ်မှု တစိတ်တပိုင်း ဖြစ်တယ်လို့ ဆိုပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *