နိုင်ငံတကာ

Greenland ကို ရုရှား နဲ့ တရုတ် သိမ်းသွားမယ်လို့ ထရမ့် စိုးရိမ်

US Secretary of State Marco Rubio (R) listens as US President Donald Trump (L) speaks during a meeting with oil company executives in the East Room of the White House in Washington, DC on January 9, 2026. President Trump is aiming to convince oil executives to support his plans in Venezuela, a country whose energy resources he says he expects to control for years to come. US forces seized Venezuelan president Nicolas Maduro in a sweeping military operation on January 3, with Trump making no secret that cont

ဇန်နဝါရီ ၁၀ – ၂၀၂၆

သမ္မတထရမ့်ရဲ့ မနေ့က အိမ်ဖြူတော်မှာ ရေနံကော်ပိုရေးရှင်းကြီးတွေက အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ Greenland ကို ကျွန်တော်တို့ မယူရင် ရုရှား ဒါမှမဟုတ် တရုတ် တို့က သိမ်းယူသွားလိမ့်မယ်လို့ သူ့ရဲ့ စိုးရိမ်မှုကို ထုတ်ဖေါ်ပြောကြားလိုက် ပါတယ်။

“ကျွန်တော်တို့သာ ဒါကို မလုပ်ဘူးဆိုရင် ရုရှား ဒါမှမဟုတ် တရုတ်က Greenland ကို သိမ်းသွားလိမ့်မယ်။ ကျွန်တော်တို့ ကတော့ ရုရှား ဒါမှမဟုတ် တရုတ်ကို အိမ်နီးချင်း အဖြစ် ထားရှိမှာ မဟုတ်ဘူး။ ဟုတ်ပြီလား”

“ကျွန်တော်ကတော့ သဘောတူညီချက် တခုကို အေးအေး ဆေးဆေး လုပ်ချင်ပါတယ်။ ဒါပေမဲ့ အေးအေးဆေးဆေး လုပ်လို့မရဘူးဆိုရင်တော့ ကျွန်တော်တို့ ခက်ခက်ခဲခဲ လုပ်သွားမှာပါ။”

“ကျွန်တော်က ဒိန်းမတ်ကို နှစ်သက်တဲ့သူ တယောက်ပါ… ဒါပေမဲ့ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ က သူတို့ သင်္ဘောတစင်း အဲဒီမှာ ဆိုက်ကပ်ခဲ့ဖူး တာနဲ့တင် အဲဒီမြေကို သူတို့ ပိုင်တယ်လို့ ပြောလို့ မရပါဘူး။”

“နေတိုး က ဒါကို နားလည်ဖို့ လိုပါတယ်။ ကျွန်တော်က နေတိုးကို အပြည့် အဝ ထောက်ခံတယ်။ ကျွန်တော်က နေတိုးကို ကယ်တင်ခဲ့တာ။ (နေတိုးက) ကျွန်တော် အတွက်မဟုတ်ရင်… ခင်ဗျားတို့ဆီမှာလည်း နေတိုး ဆိုတာ ရှိနေမှာ မဟုတ်ဘူး။”

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *