မြန်မာအပေါ် ဂမ်ဘီယာ နိုင်ငံက တရားစွဲထားတဲ့ ရိုဟင်ဂျာတွေ လူမျိုးတုံး သတ်ဖြတ်မှု နဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ကြားနားဖို့ စစ်ကော်မရှင် ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
ဇန်နဝါရီ ၁၂ ရက်နေ့ ကနေ ၂၉ ရက်နေ့ အထိ ပြုလုပ်မယ့် နောက်ဆုံး ကြားနားပွဲကို စစ်ကော်မရှင် သမ္မတရုံးဝန်ကြီး ၂ ဦးကိုကိုလှိုင်နဲ့ ဥပဒေရေးရာ ဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တို့ တက်ရောက် လျှောက်လဲကြမှာ ဖြစ်ပါတယ်။
—————————
THN Public Media
