THN Public Media Blog သတင်း နိုင်ငံရေး ICJ အတွက်မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့ဟာ NUG သာ ဖြစ်ကြောင်း NUG က ထပ်မံထုတ်ပြန်
နိုင်ငံရေး

ICJ အတွက်မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့ဟာ NUG သာ ဖြစ်ကြောင်း NUG က ထပ်မံထုတ်ပြန်

ဇန်နဝါရီ ၉ – ၂၀၂၆

လာမယ့် ဇန်နဝါရီ ၁၂ ရက်နေ့ နယ်သာလန် နိုင်ငံ သယ်ဟိတ်မြို့ ကုလ သမဂ္ဂ အပြည်ပြည်ဆိုင်ရာ ICJ တရားရုံးမှာ ဂမ်ဘီယာ က မြန်မာနိုင်ငံကို စွဲဆိုထားတဲ့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု နဲ့ ပတ်သက်ပြီး တတိယ အကြိမ်ကြားနားမှာ ဖြစ်ပါတယ်။

အခုလို ICJ မှာ ကြားနာမှု အတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG သာဖြစ်ကြောင်း NUG က ထပ်မံ ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး ကတည်းက မြန်မာစစ်တပ်ဟာ နိုင်ငံကိုယ်စားပြုပြီး ICJ မှာ ပြောဆိုခွင့် မရှိဘူးလို့လည်း ဖေါ်ပြထားပါတယ်။

NUG အနေနဲ့ ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အခု အမှုအတွက် အစားထိုး ကိုယ်စားလှယ် အဖြစ်ခန့်အပ်ထားပြီး ICJ ကို တရားဝင် အသိပေး ထားပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအတွက် ICJ ကိစ္စမှာ NUG နဲ့သာ သက်ဆိုင်ပြီး တရားမဝင် မြန်မာ စစ်တပ် တင်ပြချက်တွေဟာ မြန်မာပြည်သူတွေကို ကိုယ်စားမပြုကြောင်း ထပ်လောင်း အသိပေး ထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version