THN Public Media Blog သတင်း နိုင်ငံရေး IPU ညီလာခံ က CRPH ကို ဆွေးနွေးဖက် လွှတ်တော်အဖြစ် ဆက်လက် အသိ အမှတ်ပြု
နိုင်ငံရေး

IPU ညီလာခံ က CRPH ကို ဆွေးနွေးဖက် လွှတ်တော်အဖြစ် ဆက်လက် အသိ အမှတ်ပြု

ဧပြီ ၂၀ – ၂၀၂၆

၁၅၂ ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များ IPU ညီလာခံ ကနေ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ဆွေးနွေးဖက် လွှတ်တော် အဖြစ် ဆက်လက်အသိအမှတ်ပြု ဆုံးဖြတ်ခဲ့တယ်လို့ CRPH က ဒီကနေ့ သတင်း ထုတ်ပြန်ထားပါတယ်။

တူရကီ နိုင်ငံ အီစတန်ဘူလ် မြို့မှာ ကျင်းပခဲ့တဲ့ ဒီညီလာခံ ကနေ ကမ္ဘာ တဝန်း လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာမှာ မြန်မာ စစ်ကောင်စီ ရဲ့ ဖမ်းဆီး ခြိမ်းခြောက်မှု ခံနေရတဲ့ လွှတ်တော်ကိုယ်စားလှယ် ၇၉ ဦး အမှုတွေကိုလည်း ထည့်သွင်းဖေါ်ပြထားပြီး စစ်ကောင်စီက အရပ်သား ၇၉၇၂ ဦး သတ်ဖြတ်ခဲ့တာလည်း ပါဝင်တယ်လို့ ဖေါ်ပြထား ပါတယ်။

လာမယ့် ၁၅၃ ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များ ညီလာခံ နဲ့ ဆက်စပ် အစည်းအဝေးတွေကိုတော့ အခုနှစ် အောက်တိုဘာလမှာ တန်ဇန်းနီးယား နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version