ကရင်ပြည်နယ် မြဝတီမြို့ မဲ့ထော် သလေး KK Park နယ်မြေတွေက အဆောက် အအုံ တွေကို ဖျက်ဆီး ရှင်းလင်းနေပြီ ဖြစ်ကြောင်း စစ်ကော်မရှင်က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။
KK Park နယ်မြေထဲမှာ ထိုင်းနိုင်ငံ အပါအဝင် အိမ်နီးချင်း နိုင်ငံတချို့က တရားမဝင် ဝင်ရောက်လာပြီး အွန်လိုင်း လိမ်လည်မှုတွေ၊ အွန်လိုင်း လောင်းကစား မှုတွေနဲ့ ဒုစရိုက်မှုတွေကို ကျူးလွန်ခဲ့ကြတာ ဖြစ်လို့ အဲဒီမှာ ရှိနေတဲ့ ပြည်ပ နိုင်ငံသားတွေကို စစ်ဆေးဖော်ထုတ်ကာ သက်ဆိုင်ရာ နိုင်ငံတွေကို ပြန်လွှဲခဲ့တဲ့ အပြင် အဆောက်အဦးတွေကိုလည်း အခုလို ဖျက်ဆီး ရှင်းလင်းတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်ပနိုင်ငံသား ၉၀ ရာခိုင်နှုန်းကျော်မှာ ထိုင်းနိုင်ငံကို တစ်ဆင့်ခံပြီး နယ်စပ် ဖြတ်ကျော် ရောက်ရှိလာတာလို့ ဆိုပါတယ်။
KK Park ထဲမှာ အဆောက်အဦး စုစုပေါင်း ၁၄၈ လုံး ရှိပြီး ၁၀၁ လုံးကို ဖြိုချဖျက်ဆီးပြီး ကျန်ရှိနေတဲ့ ၄၇ လုံးကိုလည်း ဆက်လက်ဖြိုချ ဖျက်ဆီး သွားမယ်လို့ ဖေါ်ပြထားပါတယ်။
—————————
THN Public Media
