ပြည်တွင်း

MNDAA ကိုးကန့်က ကွတ်ခိုင်မှာ သင်္ကြန်ကို ခမ်းနားစွာ ကျင်းပ

ဧပြီ ၁၃ – ၂၀၂၆

MNDAA ကိုးကန့် အဖွဲ့ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မှာ မဟာသင်္ကြန် ပွဲတော်ကို MNDAA ပထမဆုံး အကြိမ်အဖြစ် ကြီးကျယ်ခန်းနာစွာ ကျင်းပခဲ့ပါတယ်။

သင်္ကြန်ဖွင့်ပွဲ အခမ်းအနားကို ဒီကနေ့ ညနေ ၃ နာရီအချိန် မှာ ကွတ်ခိုင် မြို့နယ် ပန်းခြံမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အခမ်းအနားကို ကွတ်ခိုင်ခရိုင် ပါတီကော်မတီ အတွင်းရေးမှူး ကျန်းဝမ်ဟွာ၊ ဒုတိယအတွင်းရေးမှူး လီရှင်းဟိုင် နဲ့ ခရိုင်အဆင့် ဌာနဆိုင်ရာ တွေက တာရန်ရှိသူတွေ၊ အမျိုးသမီးနဲ့ ကျောင်းသူကျောင်းသားတွေ အပါအဝင် ဒေသခံ တိုင်းရင်းသား ပြည်သူလူထုတွေ တက်ရောက်ပြီး အတူတကွ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *