မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် MDY-PDF ခေါင်းဆောင်ဖြစ်သူ ဗိုလ်မုန်တိုင်း နဲ့ ဘဏ္ဍာရေးမှူး ကိုနိုင်ကြီး တို့ကို တပ်ပိုင် ဘဏ္ဍာပစ္စည်း တရားမဝင်ထုတ်ယူမှုနဲ့ NUG MOD က ဖမ်းဆီးချုပ်နှောင်ထားတာ အခုလို ၅ လကျော် ၆ လထဲ ရောက်ရှိလာပြီ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အခုအချိန်အထိ စီရင်ချက်မချသေးဘဲ တကြိမ်သာ မေးမြန်း စစ်ဆေးမှု လုပ်တာ ရှိတယ်လို့ သိရပါတယ်။
မိသားစုနဲ့ တွေ့ခွင့်မရှိသို တိုက်ပိတ်တာလည်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတော့ ဗိုလ်မုန်တိုင်းကို ဖမ်းဆီးတဲ့ တပ်ပိုင် ဘဏ္ဍာပစ္စည်း ဆိုတာ ဘာလဲ…
ဖမ်းဆီးခြင်းနောက်ကွယ်မှာ ဘာတွေ ရှိနေလဲ…
စတဲ့အခြေအနေတွေအပေါ် ဗိုလ်မုန်တိုင်း ရဲ့ မိတ်ဆွေ လိုကယ် PDF တခုဖြစ်တဲ့ NIF ရဲ့ တာဝန်ရှိသူ ကိုမင်းကို မေးမြန်းတင်ဆက်ထားပါတယ်။
THN Public Media
