THN Public Media Blog သတင်း NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း ဝါရှင်တန် ဆေးရုံတခုမှာ ဆေးကုသမှုခံယူနေရ
သတင်း

NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း ဝါရှင်တန် ဆေးရုံတခုမှာ ဆေးကုသမှုခံယူနေရ

ဖေဖေါ်ဝါရီ ၃ – ၂၀၂၆

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း ဟာ ကျန်းမာရေး အခြေအနေ ကြောင့် ဝါရှင်တန်က ဆေးရုံတခုမှာ တက်ရောက်ကုသမှု ခံယူနေရ တယ်လို့ ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ MPU က ထုတ်ပြန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ မောင်နှမ တဝမ်းကွဲ တော်စပ်တဲ့ ဒေါက်တာစိန်ဝင်း ၁၉၉၀ ရွေးကောက်ခံ လွှတ်တော်အမတ်ဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲ မှာ NLD အနိုင်ရရှိပေမယ့် စစ်တပ်က အာဏာမလွှဲအပ် တဲ့ အတွက် ဒေါက်တာစိန်ဝင်းဟာ တောခိုခဲ့ပြီး မာနယ်ပလော တပ်ပေါင်းစု ဌာနချုပ်မှာ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ကို ဖွဲ့စည်းတည်ထောင်ပြီး ဝန်ကြီးချုပ် အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

၂၀၁၂ မှာ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ် ရွေးကောက်ပွဲ ဝင်ပြီး လွှတ်တော်ထဲ ရောက်သွားတဲ့အချိန်မှာတော့ (NCGUB) ကို တရားဝင် ဖျက်သိမ်း လိုက်တာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version