THN Public Media Blog သတင်း နိုင်ငံရေး NUG နဲ့ SRA တပ်ပေါင်းစု တွေ့ဆုံဆွေးနွေး၊ ခေါင်းဆောင်တွေ စုံလင်စွာ တက်ရောက်ခဲ့ကြတယ်လို့ဆို
နိုင်ငံရေး

NUG နဲ့ SRA တပ်ပေါင်းစု တွေ့ဆုံဆွေးနွေး၊ ခေါင်းဆောင်တွေ စုံလင်စွာ တက်ရောက်ခဲ့ကြတယ်လို့ဆို

ဖေဖေါ်ဝါရီ ၂၇ – ၂၀၂၆

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ နွေဦးတော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု (SRA) တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်း ထုတ်ပြန်ထား ပါတယ်။

NUG ဘက်က ဝန်ကြီးတွေ ဖြစ်ကြတဲ့ ဒေါက်တာဇော်ဝေစိုး၊ ဦးရည်မွန်၊ ဦးလွင်ကိုလတ်၊ ဦးတင်ထွန်းနိုင်၊ ဒေါ်ဇင်မာအောင်တို့ တက်ရောက် ခဲ့ ကြပြီး SRA ဘက်က ခေါင်းဆောင်တွေ စုံလင်စွာ တက်ရောက် ခဲ့ကြတယ်လို့ သိရပါတယ်။

Zoom Platform နဲ့ တွေ့ဆုံဆွေးနွေး ကြတာ ဖြစ်ပြီး ကာကွယ်ရေး ဝန်ကြီးဌာန ဒေသအခြေပြု ကာကွယ်ရေးတပ်ဖွဲ့တွေ ဆိုင်ရာ မူဝါဒကို ရှင်းလင်း ဆွေးနွေးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

မူဝါဒတွေ အပေါ် အပြန်အလှန် ဆွေးနွေးပြီး စစ်ဆင်ရေး၊ ထောက်လှမ်းရေး နိုင်ငံရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးကာ ကာကွယ်ရေး ဝန်ကြီးဌာန နဲ့ ဆက်လက် တွေ့ဆုံဆွေးနွေးဖို့ သဘောတူပြီး အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version