‘’ဒီနေရာမှာ ဒုဝန်ကြီးနေရာမှာ ဆရာတို့ဝင်ပြီးမှ တာဝန်ထမ်းဆောင် ပေးပါလား…’’ အဲလို ချဥ်းကပ်တာတော့ ကျွန်တော်တို့ အနေနဲ့ အဆင်မပြေဘူးလေ…နော်…’’
ဦးအောင်ဆန်းမြင့် (KNPP အတွင်းရေးမှူး)
အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြုပြင်ပြောင်းလဲရေး လုပ်ခဲ့တဲ့ တာနဲ့ ပတ်သက်ပြီး ယာယီသမ္မတ ဒူဝါလရှီးလ က ဒီလို အပြောင်းအလဲမှာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အီးအာအိုတွေ ပါဝင်ဖို့ အကန့် အသတ်တွေ ရှိတယ်လို့ ပြောခဲ့ပါတယ်။
ဒါကလည်း ကြာရှည်လှတဲ့ ပြည်တွင်းစစ်အတွင်း စစ်တပ်ရဲ့ သွေးခွဲမှု ကြောင့် လူမျိုးရေး အမုန်း အဃာတတွေ ပေါက်ဖွားခဲ့တာကြောင့်လို့ ဆိုပါတယ်။
နောက်တခုက ပထဝီ နိုင်ငံရေးအရ နိုင်ငံတကာနဲ့ ဒေသတွင်း နိုင်ငံတွေ ကြောင့် ညီညွတ်ဖို့ အတားအဆီးတွေ ဖြစ်ခဲ့တယ်လို့ လည်း ဆိုပါတယ်။
အခုလို သမ္မတရဲ့ ပြောကြားချက်အပေါ် အီးအာအို တခုဖြစ်တဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP ပြောခွင့်ရ ဦးအောင်ဆန်းမြင့် ရဲ့ သဘောထားကို မေးမြန်းတင်ဆက်ထားပါတယ်။
ဦးအောင်ဆန်းမြင့်က အခု တော်လှန်ရေးကာလမှာ ကတည်းက ပြည်ထောင်စု အဆင့်အစိုးရ ကို ဘော်တွန်မ် အက်ပ် (Bottom-up) ဖက်ဒရယ်ပုံစံ ဖွဲ့စည်း ရမယ်လို့ ဆိုထားပါတယ်။
KNPP – ကရင်အမျိုးသားတိုးတက်ရေးပါတီ
THN Public Media

