မေလ ၁၃ – ၂၀၂၆
NUG က ဖမ်းဆီး အကျဥ်းချ ထားတာ ၆ လ ကျော်လာပြီ ဖြစ်တဲ့ မန္တလေး MDY-PDF ခေါင်းဆောင် ဗိုလ်မုန်တိုင်း နဲ့ ရဲဘော်တချို့ကို ပြန်လွှတ်ပေးဖို့ MDY-PDF အောက်ခြေရဲဘော်တွေကနေ NUG ယာယီ သမ္မတ ဒူဝါလရှီးလ ထံ စာရေးသားတောင်းဆိုလိုက်ပါတယ်။
မေလ ၅ ရက်နေ့ က တောင်းဆိုထားတဲ့ ဒီစာထဲမှာ ဗိုလ်မုန်တိုင်း အမှုကို စုံစမ်းစစ်ဆေးတာတွေ မလုပ်ဘဲ ငွေကြေး အလွဲသုံးစားမှုလို့ စွပ်စွဲကာ မီဒီယာတွေမှာ သတင်းအမှား ဖြန့်ထားတယ်လို့ ဖေါ်ပြထားပါတယ်။
ရွှေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင် ကလည်း ရှင်းပြခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကို လက်မခံဘဲ ဆက်လက်ဖမ်းဆီးထားတဲ့ အတွက် NUG ယာယီသမ္မတ ထံ အချက် ၄ ချက်ကို တောင်းဆို ထားတာ ဖြစ်ပါတယ်။
—————————
THN Public Media
–
