THN Public Media Blog သတင်း နိုင်ငံရေး SNA ရှမ်းနီအဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဖို့ ဆွေးနွေး
နိုင်ငံရေး

SNA ရှမ်းနီအဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဖို့ ဆွေးနွေး

ဇွန် ၅ – ၂၀၂၆

NSPNC ငြိမ်းချမ်းရေးဖေါ်ဆောင်မှု အဖွဲ့ နဲ့ ဇွန်လ ၄ ရက်နေ့က နေပြည်တော် ဆွေးနွေးပွဲမှာ SNA ရှမ်းနီအဖွဲ့က ရှမ်းနီတိုင်းရင်းသားတွေ အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ရဖို့ တင်ပြ ဆွေးနွေးသွားတယ်လို့ ပြန်ကြားရေး သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။

ကြိုတင်ကန့်သတ်ချက် မထားဘဲ ဆွေးနွေးမယ် ဆိုတဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေး ဆွေးနွေးမှု အစီအစဥ်မှာ ပထမဆုံး အနေနဲ့ SNUC/SNA ရှမ်းနီ အမျိုးသားများညီညွတ်ရေးအဖွဲ့/ရှမ်းနီအမျိုးသားများတပ်မတော် ဟာ NSPNC ငြိမ်းချမ်းရေးဖေါ်ဆောင်မှု အဖွဲ့ ညှိနှိုင်းရေး ကော်မတီ နဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

NSPNC ဘက်က ခြေဥ နဲ့ အညီ လွှတ်တော်ကို တင်ပြဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို ပြန်လည် ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းနီ အဖွဲ့ဘက်က ဒုတိယဥက္ကဋ္ဌ (၁) စဝ်စိုင်းကမ် က ဦးဆောင်ဆွေးနွေး ခဲ့ပြီး NSPNC ဘက်က ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တို့ ဦးဆောင် ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version