THN Public Media Blog သတင်း နိုင်ငံရေး SRF က NUG အောက်ဝင်ဖို့ သဘောတူ၊ ပြဿနာပိုကြီးအောင် မလှုံ့ဆော်ဖို့ ပူးတွဲကြေညာချက်ထုတ်ပြန်
နိုင်ငံရေး

SRF က NUG အောက်ဝင်ဖို့ သဘောတူ၊ ပြဿနာပိုကြီးအောင် မလှုံ့ဆော်ဖို့ ပူးတွဲကြေညာချက်ထုတ်ပြန်

မေလ ၂၈ – ၂၀၂၆

ကျောင်းသားတော်လှန်ရေးတပ်တော် SRF နဲ့ မင်းကင်းပကဖ တို့ မနေ့ မေလ ၂၈ ရက်နေ့က တွေ့ဆုံညှိနှိုင်းခဲ့ပြီး သဘောတူညီချက် ၃ ခု ရရှိခဲ့ ကြောင်း ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။

ပကဖ က ဖမ်းဆီးထားတဲ့ SRF ရဲဘော်တွေထဲက ပြစ်မှုကျူးလွန်ခြင်း မရှိတဲ့ ရဲဘော်တွေကို ပြန်လွှတ်ပေးဖို့၊ အမှုဖွင့်ခံရသူတွေကို NUG ဥပဒေ အတွင်း ဖြေရှင်းဖို့ နဲ့ SRF အနေနဲ့ NUG COC အောက်မှာ ဝင်ရောက်ဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် SRF ကို ဖြိုခွင်းတာ မဟုတ်ဘဲ ကျူးလွန်သူတွေကို ဖမ်းဆီးတာသာ ဖြစ်ပြီး ပြဿနာ ပိုကြီးအောင် လှုံ့ဆော် ရေးသား ထုတ်ပြန် တာတွေ မလုပ်ဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version