ဂါဇာငြိမ်းချမ်းရေး ပထမအဆင့် သဘောတူညီမှု နေတန်ယာဟု သဘောထားထုတ်ပြန်
အောက်တိုဘာ ၉ – ၂၀၂၅ ဂါဇာမှာ အပစ်ရပ်စဲဖို့ ပထမ အဆင့် ငြိမ်းချမ်းရေး အစီအစဥ်ကို နှစ်ဘက် သဘောတူညီ နိုင်ခဲ့တဲ့ အပေါ် အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက သူ့ရဲ့ သဘောထားကို X မှာ ထုတ်ပြန် လိုက်ပါတယ်။ – “အစီအစဉ်ရဲ့ ပထမအဆင့်ကို အတည်ပြုလိုက်တာနဲ့အမျှ ကျွန်တော်တို့ရဲ့ ဓားစာခံ အားလုံးကို အိမ်ပြန်ခေါ်ဆောင် နိုင်ပါလိမ့်မယ်။ ဒါဟာ သံတမန်ရေးရာ အောင်မြင်မှုတစခုဖြစ်သလို၊ အစ္စရေးနိုင်ငံ အတွက် အမျိုးသားရေးနဲ့ စိတ်ဓါတ်ရေးရာ အောင်ပွဲတခုလည်း ဖြစ်ပါတယ်။ ပထမကတည်းက ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်- ကျွန်တော်တို့ရဲ့ ဓားစာခံအားလုံး ပြန်မရောက်မချင်းနဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်အားလုံး မအောင်မြင်မချင်း ကျွန်တော်တို့ နားမှာ မဟုတ်ပါဘူး။