အင်တာဗျူး

ငွေဆောင်မှသည် PCB ဖက်ဒရယ်အတွက် တွေ့ဆုံညှိနှိုင်း အဖြေရှာရေး – ဦးသာထွန်းလှ နဲ့ မေးမြန်းခန်း

ဘယ်လိုအနေနဲ့… တွေ့ဆုံဆွေးနွေးရေး ဖြစ်လာမလဲ… မေးရင်… ဒုက္ခရောက်နေတဲ့ ပြည်သူတွေရဲ့… ဘဝရို ငဲ့ညှာစဥ်းစားဖို့…’’ ဦးသာထွန်းလှ (ANP ဥက္ကဌ) (PCB ပြောခွင့်ရ) ———————- ဦးစိုင်းညွန့်လွင် ဦးသာထွန်းလှ နဲ့ ကိုမြအေး တို့ ဦးဆောင်တဲ့ ‘’နိူင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ (Political Coordination Body – PCB) ကို ဖွဲ့စည်းလိုက်ကြောင်း မတ်လ ၃၁ ရက်နေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ PCB ဖွဲ့စည်းမှုဟာ တိုင်းပြည်က ပဋိပက္ခတွေကို တွေ့ဆုံညှိနှိုင်းပြီး အရင်းခံ ပြဿနာ ကို ဖြေရှင်းဖို့ ဖြစ်တယ်လို့ ဆိုထားပါတယ်။ လက်ရှိ စစ်တပ်က အရပ်သားအစိုးရ အသွင်ပြောင်းလဲနေပြီး တော်လှန်ရေးဘက်မှာက ဖက်ဒရယ်ကောင်စီ ဖွဲ့စည်းလိုက်တဲ့ အခုလို အခြေအနေမျိုးမှာ ဘယ်လိုနည်းလမ်းနဲ့

Read More
နိုင်ငံရေး ပြည်တွင်း

ပြည်တွင်းအင်အားစုတွေက “နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အစုအဖွဲ့” PCB ဖွဲ့စည်း

မတ်လ ၃၁ – ၂၀၂၆ ပြည်တွင်းနိုင်ငံရေး အင်အားစုတွေကနေ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်‌ပေါက်ရေး အတွက် “နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အစုအဖွဲ့” (Political Coordination Body-PCB) ကို ဖေဖေါ်ဝါရီလမှာ ဖွဲ့စည်းခဲ့ကြောင်း ဒီကနေ့ သတင်းထုတ်ပြန်ထား ပါတယ်။ ဦးစိုင်းညွန့်လွင် ကိုမြအေး ဦးသာထွန်းလှ တို့ ပါဝင်တဲ့ ဒီအဖွဲ့ကို ဖက်ဒရယ်ဆိုင်ရာ ရည်မှန်းချက် ၄ ရပ်နဲ့ ဖွဲ့စည်းခဲ့ကြောင်း ဖေါ်ပြထားပါတယ်။ ဒါ့အပြင် အဖွဲ့ရဲ့ သဘောထား ၉ ရပ်ကို ထုတ်ပြန်ထားရာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဥ်းသား များ အားလုံး ပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြုလုပ်ရေး အချက်တွေ ပါဝင်ပါတယ်။ —————————

Read More