နိုင်ငံရေး ပြည်တွင်း

ပြည်တွင်းအင်အားစုတွေက “နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အစုအဖွဲ့” PCB ဖွဲ့စည်း

Screenshot
Screenshot

မတ်လ ၃၁ – ၂၀၂၆

ပြည်တွင်းနိုင်ငံရေး အင်အားစုတွေကနေ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်‌ပေါက်ရေး အတွက် “နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အစုအဖွဲ့” (Political Coordination Body-PCB) ကို ဖေဖေါ်ဝါရီလမှာ ဖွဲ့စည်းခဲ့ကြောင်း ဒီကနေ့ သတင်းထုတ်ပြန်ထား ပါတယ်။

ဦးစိုင်းညွန့်လွင် ကိုမြအေး ဦးသာထွန်းလှ တို့ ပါဝင်တဲ့ ဒီအဖွဲ့ကို ဖက်ဒရယ်ဆိုင်ရာ ရည်မှန်းချက် ၄ ရပ်နဲ့ ဖွဲ့စည်းခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင် အဖွဲ့ရဲ့ သဘောထား ၉ ရပ်ကို ထုတ်ပြန်ထားရာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဥ်းသား များ အားလုံး ပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြုလုပ်ရေး အချက်တွေ ပါဝင်ပါတယ်။

—————————

Leave a Reply

Your email address will not be published. Required fields are marked *