ဘယ်လိုအနေနဲ့… တွေ့ဆုံဆွေးနွေးရေး ဖြစ်လာမလဲ… မေးရင်… ဒုက္ခရောက်နေတဲ့ ပြည်သူတွေရဲ့… ဘဝရို ငဲ့ညှာစဥ်းစားဖို့…’’
ဦးသာထွန်းလှ (ANP ဥက္ကဌ) (PCB ပြောခွင့်ရ)
———————-
ဦးစိုင်းညွန့်လွင် ဦးသာထွန်းလှ နဲ့ ကိုမြအေး တို့ ဦးဆောင်တဲ့ ‘’နိူင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ (Political Coordination Body – PCB) ကို ဖွဲ့စည်းလိုက်ကြောင်း မတ်လ ၃၁ ရက်နေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
PCB ဖွဲ့စည်းမှုဟာ တိုင်းပြည်က ပဋိပက္ခတွေကို တွေ့ဆုံညှိနှိုင်းပြီး အရင်းခံ ပြဿနာ ကို ဖြေရှင်းဖို့ ဖြစ်တယ်လို့ ဆိုထားပါတယ်။
လက်ရှိ စစ်တပ်က အရပ်သားအစိုးရ အသွင်ပြောင်းလဲနေပြီး တော်လှန်ရေးဘက်မှာက ဖက်ဒရယ်ကောင်စီ ဖွဲ့စည်းလိုက်တဲ့ အခုလို အခြေအနေမျိုးမှာ
ဘယ်လိုနည်းလမ်းနဲ့ တွေ့ဆုံညှိနှိုင်းဖို့ ဖြစ်လာနိုင်မလဲ…
တိုင်းပြည် အရင်းခံ ပြဿနာက ဘာတွေလဲ…
စတဲ့ အခြေအနေတွေ အပေါ်မှာ PCB ပြောခွင့်ရ ဦးသာထွန်းလှ ကို မေးမြန်းတင်ဆက်ထားပါတယ်။
—————-
