War ပြည်တွင်း

မိုးမိတ်-တွင်းငယ် လမ်းပိုင်းကို စစ်တပ်ထိန်းချုပ်၊ PDF တွေ ဆုတ်ခွာ ပေးရ

မတ်လ ၂၅ ၂၀၂၆ လက်နက်ခဲယမ်း လိုအပ်ချက်၊ ရိက္ခာ အခက်အခက်တွေနဲ့ လူအင်အား မမျှ တော့တာကြောင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်မြို့ ကနေ PDF တပ်တွေ ပြန်လည် ဆုတ်ခွာ ပေးနေရပြီ ဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ တအာင်းတပ် (TNLA) က စစ်တပ်ကို မိုးကုတ်မြို့ ပြန်ပေးခဲ့ပြီးနောက် PDF တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ လကုန်ပိုင်းကနေ စပြီး မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ကြားက နေရာတွေ မှာ ခြေကုပ်ယူကာ စစ်တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တိုက်ပွဲကာလ အချိန် သုံးလကျော် ကြာမြင့်ခဲ့တာ ဖြစ်ပါတယ်။

Read More
နိုင်ငံရေး အင်တာဗျူး

ရှမ်းမြောက် ပဋိပက္ခ နှင့် မြန်မာနိုင်ငံအပေါ် တရုတ်ပါဝင်ပက်သတ်မှု – အထူးသုံးသပ်ချက် – ကိုအောင်မိုးဝင်း

Mar 22, 2026 ‘’တချိန်မှာ ခင်ဗျားတို့ အသဲကွဲရမှာ မို့လို့… ရင်ကျိုးစရာတွေဖြစ်လာရင်… မခံနိုင်အောင်ဖြစ်မှာ စိုးလို့…’’ ကိုအောင်မိုးဝင်း (နိုင်ငံရေးသုံးသပ်သူ) ————— MNDAA ကိုးကန့်တပ်ဖွဲ့က TNLA တအာင်းတပ်ဖွဲ့ကို ကွတ်ခိုင်မြို့ကနေ တိုက်ထုတ်လိုက်တဲ့ အထိ ဘာကြောင့်ဖြစ်ခဲ့ရတာလဲ… ဒီဖြစ်စဥ်နောက်ကွယ်မှာ တရုတ်က ဘယ်လောက်အထိ လက်တံရှည်ရှည် ပါဝင်ပတ်သက်နေလဲ… နေပြည်တော်အစိုးရသစ် ထွက်ပေါ်လာရင် တရုတ်ရဲ့ မြန်မာအပေါ် စွက်ဖက်မှုတွေ ဘယ်အဆင့်အထိ ပါဝင်လာမှာလဲ… ဆိုတာ နိုင်ငံရေးသုံးသပ်သူ ကိုအောင်မိုးဝင်းကို မေးမြန်း တင်ဆက်ထားပါတယ်။ —————-

Read More
War

မြောက်ဦးမြို့ ဆေးရုံးကို ဗုံးကြဲမှု ညီနောင် ၂ ဖွဲ့ ကန့်ကွက် ရှုတ်ချ

ဒီဇင်ဘာ ၁၆ – ၂၀၂၅ စစ်ကော်မရှင် ကနေ ရခိုင်ပြည်နယ် မြောက်ဦးမြို့က ဆေးရုံကို ဗုံးကြဲမှု ကြောင့် အရပ်သား ၃၃ ဦး သေဆုံးခဲ့ရပြီး ၇၇ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ပြီး ကျောက်ဖြူဘက်မှာလည်း လူ ၉ ဦး သေဆုံးခဲ့တဲ့ ဗုံးကြဲခဲ့မှုတွေ အပေါ် ညီနောင် ၂ ဖွဲ့ဖြစ်တဲ့ MNDAA ကိုးကန့် နဲ့ TNLA တအာင်း အဖွဲ့တို့ ကနေ ကန့်ကွက်ရှုတ်ချကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ နဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံအစိုးရတွေ အနေနဲ့လည်း အခုလို လုပ်ရပ်တွေကို ရပ်တန့်ရေး ကူညီဆောင်ရွက် ပေးကြဖို့ မေတ္တာရပ်ခံ ထားပါတယ်။ —————————

Read More
War

မိုးကုတ်ကို စရဖတွေ ဝင်လာနေပြီး PDF တွေ မြို့ပြင်ဆုတ်ထားရ

နိုဝင်ဘာ ၂၆ – ၂၀၂၅ TNLA တအာင်းအဖွဲ့ နဲ့ စစ်တပ်အကြား သဘောတူထားတဲ့ အတိုင်း TNLA တပ်ဖွဲ့တွေဟာ မိုးကုတ် ကနေ ပြန်ဆုတ်ခွာနေပြီ ဖြစ်ပြီး စစ်တပ်ဘက်က စရဖ တွေဟာ လည်း မိုးကုတ်ထဲ ဝင်ရောက်နေပြီ ဖြစ်တယ်လို့ သိရ ပါတယ်။ ဒီလကုန် အပြီး ဆုတ်ခွာပေးရမှာ ဖြစ်လို့ TNLA ဘက်က တာဝန်ရှိသူတွေ လည်း မိုးကုတ်မှာ လွှဲပြောင်းပေးဖို့ ရှိနေတယ်လို့ မြေပြင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ တရုတ်ရဲ့ ကြားဝင် စေ့စပ်မှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ အောက်တိုဘာလ ကုန် ဆွေးနွေးပွဲမှာ TNLA အနေနဲ့ မိုးကုတ် မိုးမိတ် ကနေ ဆုတ်ခွာပေး ရမှာ

Read More
ပြည်တွင်း

TNLA နဲ့ စစ်တပ် အပစ်ရပ်တဲ့ ဒီကနေ့မှာ မန္တလေး PDF က စစ်အာဏာရှင် အမြစ်ပြတ်ရေး ချေမှုန်းရေးတိုက်ပွဲတွေ ဆက်ဖေါ်ဆောင်မယ်လို့ ကြေညာချက် ထုတ်ပြန်

‌အောက်တိုဘာ ၂၉ – ၂၀၂၅ တရုတ်က ကြားဝင်မှုနဲ့ TNLA တအာင်းတပ်ဖွဲ့ နဲ့ စစ်တပ် အကြား အပစ်အခတ် ရပ်စဲဖို့ သဘောတူလိုက်တဲ့ ဒီကနေ့မှာပဲ မန္တလေး PDF က စစ်အာဏာရှင် အမြစ်ပြတ်ရေး ချေမှုန်းရေးတိုက်ပွဲတွေ ဆက်ဖေါ် ဆောင်သွား မယ်လို့ ပြည်သူတွေကို အသိပေးချက် ထုတ်ပြန်လိုက် ပါတယ်။ ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကိုလည်း မိတ်ဖက် တော်လှန်ရေး အင်အာစုတွေနဲ့ လက်တွဲပြီး ဆက်လက်ကာကွယ်သွားမှာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ ဘယ်လို အခက်အခဲ အတားအဆီးတွေ ရှိရှိ ဘုံရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေး နဲ့စစ်အာဏာရှင် အဖြစ်ပြတ်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး

TNLA နဲ့ စစ်တပ် အပစ်ရပ်၊ မိုးကုတ် နဲ့ မိုးမိတ်ကို စစ်တပ်လက် ပြန်အပ် ရမယ်

အောက်တိုဘာ ၂၉ – ၂၀၂၅ (အားတီ) TNLA တအာင်းအဖွဲ့နဲ့ စစ်တပ်အကြား အပစ်အခတ် ရပ်စဲလိုက်ပြီ ဖြစ်ပြီး ၊ အပစ်ရပ်သဘောတူညီချက် အရမိုးကုတ်နဲ့ မိုးမိတ် မြို့တို့ကို စစ်တပ်လက် ပြန်အပ်ရမှာ ဖြစ်တယ်လို့ TNLA က ဒီကနေ့ သတင်းထုတ်ပြန်လိုက် ပါတယ်။ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း ရဲ့ ဦး‌ဆောင်မှုနဲ့ ပြုလုပ်တဲ့ (၉) ကြိမ်မြောက် အပစ် အခတ် ရပ်စဲ‌ရေး ဆွေးနွေးပွဲမှာ အခုလို သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ ကြောင်း TNLA သတင်းနဲ့ ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထား ပါတယ်။ ၉ ကြိမ်မြောက် အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲကို အောက်တိုဘာလ ၂၇-၂၈

Read More
နိုင်ငံရေး ပြည်တွင်း

SSPP က စစ်တပ်ကို ကူညီလို့ ကျောက်မဲ သီပေါ ကို လက်လွှတ် ရတယ်ဆိုတဲ့ TNLA ပြောကြားချက်အပေါ် တာဝန်ယူဖြေရှင်းပေးဖို့ SSPP ထုတ်ပြန်

အောက်တိုဘာ ၁၈ – ၂၀၂၅ ရှမ်းမြောက်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA တအာင်းတပ်ဖွဲ့ က ထိန်းချုပ်ခဲ့တဲ့ ကျောက်မဲ နဲ့ သီပေါ မြို့တွေကို မကြာသေးခင်က စစ်တပ် ကနေ ပြန်လည် ထိုးစစ်ဆင် ထိန်းချုပ်သွားတဲ့ အပေါ် ဒါဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က ကူညီပေးတာ လမ်းကြောင်းဖွင့်ပေး တာကြောင့် လက်လွှတ်လိုက်ရတာလို့ TNLA ပြောခွင့်ရသူရဲ့ ပြောဆိုမှုတွေ ကို SSPP က အပြင်း အထန် ကန့်ကွက်ကြောင်းနဲ့ တာဝန်ယူဖြေရှင်‌ပေးဖို့ ဒီကနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ TNLA ပြောခွင့်ရသူရဲ့ ဒီလို ပြောဆိုမှုတွေဟာ အခြေအမြစ်မရှိ စွပ်စွဲ ချက်တွေ ဖြစ်ပြီး တော်လှန်ရေး အင်အားစုတွေ အကြား အထင်မှားစေတဲ့ အပြင်

Read More
နိုင်ငံရေး ပြည်တွင်း

သီပေါမှာ ဌာနဆိုင်ရာ ရုံးတချို့ မီးရှို့ခံရ

အောက်တိုဘာ ၁၇ – ၂၀၂၅ TNLA တအာင်းတပ်ဖွဲ့နဲ့ စစ်တပ်အကြား စစ်ရေး တင်းမာနေတဲ့ သီပေါမြို့ ထဲက ဌာနဆိုင်ရာ ရုံးတချို့ မနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေပိုင်း က မီးရှို့ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “သီပေါမြို့ထဲ သီပေါ ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံး၊ စိုက်ပျိုးရေးရုံး၊ ထောင်ကြီး‌တွေမှာ လောက်မီးလောင်တယ်။ နာရီဝက် လောက်ပဲ လောင်တာ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ စိုက်ပျိုးရေးရုံးနဲ့ မြေစာရင်းရုံးက နေအိမ်တွေနဲ့ ကပ်နေတာကြောင့် တချို့ လူတွေ သွားငြိမ်းကြတာ ရှိသလို မိုးလည်းရွာလာတော့ မီးလောင် နေတာတွေ ပြန်ငြိမ်းသွားတယ်လို့ သူက ပြောပါတယ်။ “ရှို့မီးပါ။ ဘယ်ဘက်က ရှို့လဲမသိဘူး။

Read More
နိုင်ငံရေး ပြည်တွင်း

သီပေါကို စစ်ဆင်နေတဲ့ စစ်တပ် စစ်ကြောင်း ဘော်ကြိုကို ကျော်လာ

အောက်တိုဘာ ၁၄ -၂၀၂၅ သီပေါကို ဦးတည် ထိုးစစ်ဆင်နေတဲ့ စစ်တပ်စစ်ကြောင်းဟာ ဘော်ကြိုကို ကျော်ပြီး မန်ဟဲကျေးရွာ အုပ်စု၊ နားခဲရွာ အထိ ရောက်ရှိ လာပြီ ဖြစ်ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။ “စစ်တပ် စစ်ကြောင်းတွေ ဘော်ကြိုရောက်ပြီ။ ဘော်ကြိုက လူတွေ တောင်မှ မုန့်တွေနဲ့ သွားကြိုသေးတယ်။ ဒီည ဘော်ကြို အကျော် နားခဲမှာ နားမယ်လို့ သိရတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ စစ်တပ် စစ်ကြောင်းတွေ သေချာပေါက် သီပေါကို ဒီနေ့ ဝင်မယ်လို့ ယူဆရ ကြောင်း သူက ပြောပါတယ်။ “စစ်တပ်က ဘော်ကြိုမှာ ရောက်နေပြီလေ။ မနေ့ကတည်းကတောင် သူတို့ ရောက်နေ့တာ ထင်တယ်။

Read More