နိုင်ငံရေး ပြည်တွင်း

သီပေါကို စစ်ဆင်နေတဲ့ စစ်တပ် စစ်ကြောင်း ဘော်ကြိုကို ကျော်လာ

အောက်တိုဘာ ၁၄ -၂၀၂၅ သီပေါကို ဦးတည် ထိုးစစ်ဆင်နေတဲ့ စစ်တပ်စစ်ကြောင်းဟာ ဘော်ကြိုကို ကျော်ပြီး မန်ဟဲကျေးရွာ အုပ်စု၊ နားခဲရွာ အထိ ရောက်ရှိ လာပြီ ဖြစ်ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။ “စစ်တပ် စစ်ကြောင်းတွေ ဘော်ကြိုရောက်ပြီ။ ဘော်ကြိုက လူတွေ တောင်မှ မုန့်တွေနဲ့ သွားကြိုသေးတယ်။ ဒီည ဘော်ကြို အကျော် နားခဲမှာ နားမယ်လို့ သိရတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ စစ်တပ် စစ်ကြောင်းတွေ သေချာပေါက် သီပေါကို ဒီနေ့ ဝင်မယ်လို့ ယူဆရ ကြောင်း သူက ပြောပါတယ်။ “စစ်တပ်က ဘော်ကြိုမှာ ရောက်နေပြီလေ။ မနေ့ကတည်းကတောင် သူတို့ ရောက်နေ့တာ ထင်တယ်။

Read More
War ပြည်တွင်း

နမ္မတူမြို့ကို စစ်တပ်ဗုံးကြဲ ၄ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းထုတ်ပြန်

အောက်တိုဘာ ၂ – ၂၀၂၅ ရှမ်းမြောက်ဒေသ နမ္မတူမြို့ကို စစ်တပ်က ဒီကနေ့မနက်မှာ လေယာဥ်နဲ့ ပေါင် (၅၀၀) ဗုံး ကြဲခဲ့တဲ့ အတွက် လူ၄ ဦးသေဆုံးသွားပြီး ကလေးငယ် တဦး အပါအဝင် ၅ ဦးကတော့ ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA တအာင်း တပ်ဖွဲ့က သတင်း ထုတ်ပြန် ထား ပါတယ်။ဒါ့အပြင် နေအိမ် (၈)အိမ်လည်း ပျက်စီးဆုံးရှုံးသွားခဲ့ရတယ်လို့ ဖေါ်ပြထားပါတယ်။

Read More
War နိုင်ငံရေး ပြည်တွင်း

ကျောက်မဲမှာ ဌာနဆိုင်ရာရုံးတွေ မီးလောင်နေပြီး စစ်တပ်က မြို့ထဲဝင်ဖို့ပြင်

စက်တင်ဘာ ၃၀ – ၂၀၂၅ TNLA တအာင်းတပ်ဖွဲ့ ထိန်းချုပ်ရာ ကျောက်မဲမှာ ဒီကနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ဌာနဆိုင်ရာရုံးတွေ မီးလောင် နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မီးလောင်တာ လောလောဆယ် သိရတာက သစ်တောရုံး၊ ရဲစခန်း၊ ကြံ့ခိုင်ရေး ကားဝင်းကြီး၊ ရန်ကင်းထိပ်က စ သုံးလုံးရုံး၊ ဆောက်လုပ်ရေးဘက်က ရုံးတွေ။ ဗုံးကြဲတာမဟုတ်ဘူး။ ရှို့တာ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ စစ်တပ်က မြို့ထဲ ဝင်ရောက်တော့မှာဖြစ်ပြီး မြို့နဲ့ အတော်နီးကပ်နေကာ တမိုင်လောက်ပဲ လိုတော့ တယ်လို့ သူက ပြောပါတယ်။ လက်ရှိ ညနေ ၄ နာရီကျော်ခန့်ကစလို့ ပစ်ခတ်သံတွေရော၊ Y-12 သံတွေရော၊ လက်နက်သေး

Read More