ပြည်တွင်း

TNLA နဲ့ စစ်တပ် အပစ်ရပ်တဲ့ ဒီကနေ့မှာ မန္တလေး PDF က စစ်အာဏာရှင် အမြစ်ပြတ်ရေး ချေမှုန်းရေးတိုက်ပွဲတွေ ဆက်ဖေါ်ဆောင်မယ်လို့ ကြေညာချက် ထုတ်ပြန်

‌အောက်တိုဘာ ၂၉ – ၂၀၂၅

တရုတ်က ကြားဝင်မှုနဲ့ TNLA တအာင်းတပ်ဖွဲ့ နဲ့ စစ်တပ် အကြား အပစ်အခတ် ရပ်စဲဖို့ သဘောတူလိုက်တဲ့ ဒီကနေ့မှာပဲ မန္တလေး PDF က စစ်အာဏာရှင် အမြစ်ပြတ်ရေး ချေမှုန်းရေးတိုက်ပွဲတွေ ဆက်ဖေါ် ဆောင်သွား မယ်လို့ ပြည်သူတွေကို အသိပေးချက် ထုတ်ပြန်လိုက် ပါတယ်။

ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကိုလည်း မိတ်ဖက် တော်လှန်ရေး အင်အာစုတွေနဲ့ လက်တွဲပြီး ဆက်လက်ကာကွယ်သွားမှာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ဘယ်လို အခက်အခဲ အတားအဆီးတွေ ရှိရှိ ဘုံရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေး နဲ့စစ်အာဏာရှင် အဖြစ်ပြတ်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *