TRUMP

နိုင်ငံတကာ

အမေရိကန် အစိုးရ ရပ်ဆိုင်း၊ အစိုးရ လုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ မသေချာ၊ ဝန်ထမ်း ၇ သိန်းခွဲ အလုပ် ယာယီရပ်နား

အောက်တိုဘာ ၂ – ၂၀၂၅ အမေရိကန် ဖက်ဒရယ် ဘဏ္ဍာငွေ ဥပဒေကို ကွန်ဂရက်အမတ်တွေက နောက်ဆုံး အချိန်မီ သဘောတူညီချက် ရဖို့ မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် အမေရိကန် အစိုးရ ဟာ ၇ နှစ်နီးပါး အတွင်း ပထမဆုံးအကြိမ် အဖြစ် လုပ်ငန်းတွေ ရပ်ဆိုင်း သွားခဲ့ ပါပြီ။ အခုအခါ ဖက်ဒရယ်ဝန်ထမ်း ၇ သိန်းခွဲ့ အလုပ်ကနေ ခေတ္တ အနားပေး လိုက်ရပါတယ်။ ဒီကနေ အလုပ်ထုတ်ခံရတွေ ဖြစ်နိုင်ပြီး၊ အမျိုးသား ဥယျာဉ်တွေနဲ့ ပြတိုက်တွေ လည်း ပိတ်သွားနိုင်ပါတယ်။အရင် အစိုးရ ရပ်ဆိုင်းမှုတွေ တုန်းကတော့ ဝန်ထမ်းရှားပါးမှုကြောင့် လေကြောင်း ခရီးသွားလာရေး အနှောင့်အယှက်တွေ ဖြစ်ပေါ်စေခဲ့ဖူး ပါတယ်။ ဒီမိုကရက် နဲ့ ရီပတ်ဘလီကန်

Read More
နိုင်ငံတကာ သတင်း

အမေရိကန် အစိုးရ ဘတ်ဂျက် အတည်မပြုနိုင်သေးလို့ ရန်ကုန်က အမေရိကန် သံရုံး ဖေ့စ်ဘွတ်မှာ ပို့စ်တင်တာ ခေတ္တရပ်နားမယ်

အောက်တိုဘာ ၁ – ၂၀၂၅ အမေရိကန်အစိုးရ ဘတ်ဂျက်ကို လွှတ်တော်မှာ အတည်မပြုနိုင်သေးတဲ့ အတွက် ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးရဲ့ ဖေ့စ်ဘွတ်မှာ အကြောင်း အရာ အသစ်တွေ တင်တော့မှာ မဟုတ်ကြောင်း သံရုံးက ထုတ်ပြန်ထား ပါတယ်။ ဒါပေမယ့်လို့ ဘေးအန္တရာယ်နဲ့ လုံခြုံရေးဆိုင်ရာ အရေးပေါ် သတင်း အချက် အလက်တွေကိုတော့ ထုတ်ပြန်မှာ ဖြစ်ကြောင်း ဖေါ်ပြထား ပါတယ်။အခုအချိန်မှာ အမေရိကန်သံရုံးတွေ ကောင်စစ်ဝန်ရုံးတွေမှာ ရက်ချိန်း ယူထားတဲ့ နိုင်ငံကူးလက်မှတ် (passport) နဲ့ ဗီဇာ (visa) ဝန်ဆောင်မှုတွေ ကိုတော့ အခြေအနေခွင့်ပြုချက်အရ ဆက်လက် ဆောင်ရွက် ပေးသွား မယ်လို့ ထုတ်ပြန်ထားပါတယ်။

Read More
War နိုင်ငံတကာ နိုင်ငံရေး

ထရမ့်ရဲ့ ငြိမ်းချမ်းရေး အစီအစဥ် ဟားမတ်စ် လက်ခံနိုင်ခြေမရှိ၊ ‘ပါလက်စတိုင်း လူမျိုးတို့၏ အကျိုးစီးပွားကို လျစ်လျူရှုသည်’ လို့ ဟားမတ်စ်အရာရှိ ပြော

အောက်တိုဘာ ၁ – ၂၀၂၅ ဟာမတ်စ် ထိပ်တန်း ပုဂ္ဂိုလ်တဦးက ဒေါ်နယ်ထရမ့်ရဲ့ ဂါဇာငြိမ်းချမ်းရေး အစီအစဥ်ဟာ “အစ္စရေးရဲ့ အကျိုးစီးပွားကိုသာ အထောက်အကူပြုပြီး” “ပါလက်စတိုင်းလူမျိုးတို့ရဲ့ အကျိုးစီးပွားကို လျစ်လျူရှုထားတယ်” လို့ ပြောကြားကာ ဟားမတ်စ် အနေနဲ့ ဒီ အစီအစဥ်ကို ပယ်ချဖွယ်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။ ထရမ့်ရဲ့ အစီအစဥ်ထဲက အဓိက အချက်တချက်ဖြစ်တဲ့ လက်နက်ချခြင်းနဲ့ လက်နက်တွေ လွှဲပြောင်းပေးအပ်ခြင်း ကို ဟားမတ်စ် တို့က သဘောတူ မှာ မဟုတ်ကြောင်း သူက ပြောပါတယ်။ ဟားမတ်စ်က ဂါဇာမှာ အပြည်ပြည်ဆိုင်ရာ တည်ငြိမ်ရေးတပ်ဖွဲ့ (ISF) ဖြန့်ကျက် ချထားမှာကိုလည်း ကန့်ကွက်ကြောင်း သိရပြီး၊ ဒါဟာ ဂါဇာကို သိမ်းပိုက်တဲ့ ပုံစံသစ် အဖြစ် ဟားမတ်စ်တို့က ရှုမြင်ပါတယ်။အစ္စရေးဝန်ကြီးချုပ်

Read More
နိုင်ငံတကာ သတင်း

စက်တင်ဘာ ၂၃ ရက်နေ့က အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ထုတ်ဖေါ် အဆိုပြုခဲ့တဲ့ ဂါဇာ ငြိမ်းချမ်းရေး အစီအစဥ် ၂၁-ချက်

၁။ ဂါဇာသည် အစွန်းရောက်မှုကင်းသော၊ အကြမ်းဖက်မှုကင်းသော ဇုန်ဖြစ်ရမည် အိမ်နီးချင်းများ အပေါ် ခြိမ်းခြောက်မှု မရှိစေရ။ ၂။ ဂါဇာကို ဂါဇာပြည်သူများ၏ အကျိုးအတွက် ပြန်လည် တည်ဆောက်ရမည်။ ၃။ အစ္စရေးနှင့် ဟာမတ်စ်တို့ အနေနနဲ့ အဆိုပြုချက်ကို သဘောတူပါက စစ်ပွဲကို ချက်ချင်း အဆုံးသတ်ရမည်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သည် စစ်ဆင်ရေး အားလုံးကို ရပ်စဲပြီး ဂါဇာကမ်းမြှောင်မှ တဖြည်းဖြည်း ရုပ်သိမ်းရမည်။ ‌ ၄။ အစ္စရေးက လူသိရှင်ကြား သဘောတူပြီးနောက် ၄၈ နာရီ အတွင်း ဓားစာခံ အားလုံးကို ပြန်လွှတ်ပေးရမည် (အသက်ရှင်သူနှင့် သေဆုံးသူများ အပါအဝင်)။ ၅။ ဓားစာခံများ ပြန်ရောက်ပြီးပါက အစ္စရေးက တသက်တကျွန်းကျခံနေရသော ပါလက်စတိုင်း လုံခြုံရေး အကျဥ်းသား

Read More
နိုင်ငံတကာ သတင်း

အမေရိကန်ပြည်ထောင်စု မစ်ချီဂန် ပြည်နယ် မော်မွန်ဘုရားကျောင်း ပစ်ခတ်မှု အနည်းဆုံး လေးဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

စက်တင်ဘာ ၂၉ – ၂၀၂၅အမေရိကန်ပြည်ထောင်စု မစ်ချီဂန် ပြည်နယ် မော်မွန် ခရစ်ယာန် ဘုရားကျောင်း ထဲကို သေနတ်သမားတဦးက ကားတစီးနဲ့ မောင်းဝင် လာပြီး သေနတ်နဲ့ ပစ်ခတ်ကာ အဆောက်အအုံကို မီးရှို့ခဲ့တဲ့ အတွက် အနည်းဆုံး လေးဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။ ဒက်ထရွိုက်မြို့ အနောက်မြောက်ဘက် မိုင် ၆၀ အကွာရှိ Grand Blanc မြို့ ယေရှုခရစ်တော် ဘုရားကျောင်း (Church of Jesus Christ of Latter-day Saints) မှာ လူရာပေါင်းများစွာ တက်ရောက် တဲ့ တနင်္ဂနွေ ဝတ်ပြုမှု အချိန် အတွင်း အချိန်အတွင်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Read More
နိုင်ငံတကာ နိုင်ငံရေး

သမ္မတထရမ့် က ကုလသမဂ္ဂမိန့်ခွန်းမှာ တခြားနိုင်ငံတွေ နဲ့ ကုလကို ပစ်မှတ်ထား တိုက်ခိုက်

စက်တင်ဘာ ၂၃ – ၂၀၂၅ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နယူးယောက်မြို့မှာ ကျင်းပနေတဲ့ အကြိမ် ၈၀ မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်း ပြောကြားရာမှာ တခြားနိုင်ငံတွေရဲ့ နယ်စပ်ရေးရာ နဲ့ ရာသီဥတု ဆိုင်ရာ မူဝါဒတွေ အပေါ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ သလို ကုလသမဂ္ဂ ကိုလည်း ဝေဖန် သွားပါတယ်။ ကုလသမဂ္ဂ ဟာ အနောက်နိုင်ငံတွေကို ရွှေ့ပြောင်းလာသူတွေ “ကျူးကျော် ဝင်ရောက်ခြင်း” ကို လွယ်ကူ ချောမွေ့စေအောင် လုပ်ပေး နေတယ်လို့ စွပ်စွဲလိုက်ပြီး ” နယ်စပ်တွေ ပွင့်နေတဲ့ မအောင်မြင် တဲ့ စမ်းသပ်မှု” ကို အဆုံးသတ်ဖို့ အချိန်တန်ပြီလို့ ထရမ့်က ပြောကြားသွား ပါတယ်။ ရွှေ့ပြောင်းနေထိုင်မှု နဲ့ ပတ်သက်လို့

Read More
နိုင်ငံတကာ နိုင်ငံရေး

သမ္မတ ထရမ့်က ချာလီ ကာ့ခ်ကို ‘အမေရိကန်သူရဲကောင်း’ အဖြစ် ချီးကျူး၊ လူ ၁ သိန်းနီးပါး အောက်မေ့ဖွယ် အခမ်းအနား တက်ရောက်

စက်တင်ဘာ ၂၂ – ၂၀၂၅ ချာလီကာ့ခ် အတွက် အောက်မေ့ဖွယ် အခမ်းအနားကို အရီဇိုးနားပြည်နယ် State Farm အားကစားကွင်းမှာ ကျင်းပရာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တက်ရောက်လာတဲ့ လူ ၁ သိန်း နီးပါး ရှေ့မှာ ကွန်ဆာဗေးတစ် လှုပ်ရှားသူ ချာလီ ကာ့ခ် ကို “ကြီးမြတ်တဲ့ အမေရိကန်သူရဲကောင်း” အဖြစ် ချီးကျူး ပြောဆို လိုက်ပါတယ်။ “သူက အမေရိကန်ရဲ့ လွတ်လပ်ခွင့်အတွက် အသက်စွန့်သူပါ” လို့ ထရမ့်က ကာ့ခ်အကြောင်း ပြောကြားခဲ့ပါတယ်။“ဒီနေ့ ဒီနေရာမှာရှိတဲ့ လူတိုင်း အတွက် ကျွန်တော် ပြောနိုင်တာက ကျွန်တော်တို့ထဲက ဘယ်သူမှ ချာလီကို ဘယ်တော့မှ မေ့မှာမဟုတ်ပ။ သမိုင်းကလည်း မမေ့ပါဘူး” လို ပြောကြားပါတယ်။

Read More
နိုင်ငံတကာ

သမ္မတထရမ့်ကို ချားလ်စ် ဘုရင်က ဝင်ဆာ ရဲတိုက်ဆီ မြင်းရထားနဲ့ ဖိတ်ခေါ်

စက်တင်ဘာ ၁၇ – ၂၀၂၅ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ နိုင်ငံတော်အဆင့် ယူကေ ခရီးစဉ် ပထမ နေ့မှာ ချားလ်စ် ဘုရင် နဲ့ ဘုရင့်မိသားစု ကနေ ဝင်ဆာမြို့မှာ ခမ်းနားထည်ဝါစွာ ကြိုဆို ဧည့်ခံခဲ့ပါတယ်။ သမ္မတထရမ့် နဲ့ သမ္မတကတော် မယ်လနီယာ ထရမ့်တို့ ကို လှပတဲ့ ဝင်ဆာရဲတိုက် ဝင်းအတွင်း အလှဆင်ထားတဲ့ မြင်းရထား နဲ့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် သမ္မတထရမ့်ဟာ ချားလ်စ်ဘုရင်နဲ့ အတူ ရဲတိုက်ဝင်း အတွင်း မြက်ခင်းပြင်ပေါ်ရှိ စစ်သည်တွေကို စစ်ဆေးခဲ့ကြ ပါတယ်။ ဘုရင်နဲ့ သမ္မတထရမ့်တို့ စစ်ရေးပြ အခမ်းအနားကို ကြည့်ရှုနေစဉ်မှာ တရားဝင် လက်ဆောင်တွေ ဖလှယ်ကြတဲ့ ရင်းနှီး ဖော်ရွေတဲ့

Read More