TRUMP

နိုင်ငံတကာ

တရုတ်က မြေရှားသတ္တု ကန့်သတ်လိုက်လို့ ထရမ့်က တရုတ်အပေါ် အပိုဆောင်း သွင်းကုန်ခွန် ၁၀၀% ချမှတ်မယ်လို့ ခြိမ်းခြောက်

အောက်တိုဘာ ၁၂ – ၂၀၂၅ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က လာမည့်နိုဝင်ဘာ ၁ ရက်နေ့က စတင်ပြီး တရုတ်သွင်းကုန်တွေ အပေါ် အပိုဆောင်း သွင်းကုန်ခွန် ၁၀၀% ချမှတ်သွားမယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံ ကနေ မြေရှားသတ္တု (rare earths) ပို့ကုန် စည်းမျဉ်းတွေကို တင်းကျပ်လိုက်တဲ့ အတွက် ဒါကို တရုတ်အနေနဲ့ “အလွန် ရန်လိုလာ နေတယ်” လို့ ထရမ့်က စွပ်စွဲကာ ကမ္ဘာကို “ချုပ်ကိုင်ဖို့” ကြိုးပမ်း နေတယ်လို့ သောကြာနေ့မှာ ဆိုရှယ်မီဒီယာကနေ ဖေါ်ပြလိုက်ပါတယ်။ ဒါ့အပြင် တရုတ်သမ္မတ ရှီကျင်ပင်းနဲ့ တွေ့ဆုံမယ့် အစည်းအဝေး ကနေ နုတ်ထွက် မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး နောက်ပိုင်းမှာ ဖျက်သိမ်းခြင်း

Read More
နိုင်ငံတကာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နိုဘဲလ်ငြိမ်းချမ်းရေးဆု ရမလား

အောက်တိုဘာ ၁၀ – ၂၀၂၅ ဒီကနေ့ အောက်တိုဘာ ၁၀ ရက်နေ့ နိုဘဲလ်ဆုပေးရေး ကော်မတီကနေ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်ကို ကြေညာမှာ ဖြစ်ပြီး၊ ဒီဆုအတွက် စာရင်းတင်သွင်း ခံရသူတွေထဲမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် လည်း တဦး အပါအဝင် ဖြစ်ပါတယ်။ သမ္မတထရမ့်က ဇန်နဝါရီလ ဒုတိယ သမ္မတ သက်တမ်း စတင်ပြီးနောက် သူ့အနေနဲ့ အနည်းဆုံး “စစ်ပွဲ ၇ ခု ကို အဆုံးသတ်ခဲ့တယ်” လို့ အခိုင်အမာ ပြောဆိုကာ၊ တန်ဖိုးကြီးမားတဲ့ ဒီငြိမ်းချမ်းရေး နိုဘဲလ်ဆုကို သူ့အနေနဲ့ ရသင့်ကြောင်း ရှင်းလင်း ပြောကြားထား ပါတယ်။ ဗုဒ္ဓဟူးနေ့က အစ္စရေးနဲ့ ဟားမတ်စ်တို့ အကြား သမ္မတထရမ့် ရဲ့ အချက်

Read More
War

ဂါဇာငြိမ်းချမ်းရေး ပထမအဆင့် သဘောတူညီမှု နေတန်ယာဟု သဘောထားထုတ်ပြန်

အောက်တိုဘာ ၉ – ၂၀၂၅ ဂါဇာမှာ အပစ်ရပ်စဲဖို့ ပထမ အဆင့် ငြိမ်းချမ်းရေး အစီအစဥ်ကို နှစ်ဘက် သဘောတူညီ နိုင်ခဲ့တဲ့ အပေါ် အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက သူ့ရဲ့ သဘောထားကို X မှာ ထုတ်ပြန် လိုက်ပါတယ်။ – “အစီအစဉ်ရဲ့ ပထမအဆင့်ကို အတည်ပြုလိုက်တာနဲ့အမျှ ကျွန်တော်တို့ရဲ့ ဓားစာခံ အားလုံးကို အိမ်ပြန်ခေါ်ဆောင် နိုင်ပါလိမ့်မယ်။ ဒါဟာ သံတမန်ရေးရာ အောင်မြင်မှုတစခုဖြစ်သလို၊ အစ္စရေးနိုင်ငံ အတွက် အမျိုးသားရေးနဲ့ စိတ်ဓါတ်ရေးရာ အောင်ပွဲတခုလည်း ဖြစ်ပါတယ်။ ပထမကတည်းက ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်- ကျွန်တော်တို့ရဲ့ ဓားစာခံအားလုံး ပြန်မရောက်မချင်းနဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်အားလုံး မအောင်မြင်မချင်း ကျွန်တော်တို့ နားမှာ မဟုတ်ပါဘူး။

Read More
War နိုင်ငံတကာ သတင်း

ဂါဇာအပစ်ရပ်ရေး သဘောတူပြီ

အောက်တိုဘာ ၉ – ၂၀၂၅ ဂါဇာငြိမ်းချမ်းရေး အစီအစဉ် ပထမအဆင့်ကို အစ္စရေးနဲ့ ဟားမတ်စ် နှစ်ဘက်စလုံး လက်မှတ်ထိုးလိုက်ပြီ ဖြစ်ကြောင်း ထရမ့် ပြောကြား အပစ်ရပ်သဘောတူညီပြီ ဖြစ်တဲ့ အကြောင်း သမ္မတထရမ့်က သူ့ရဲ့ ဆိုရှယ်မိဒီယာမှာ‌ အောက်ပါ အတိုင်းရေးသားဖေါ်ပြထားပါတယ်။ ——————– “အစ္စရေးနဲ့ ဟားမတ်စ် နှစ်ဖက်စလုံးဟာ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ရဲ့ ပထမအဆင့်ကို လက်မှတ်ရေးထိုး လိုက်ကြပြီ ဖြစ်တဲ့အတွက် ကျွန်တော် အလွန်ဂုဏ်ယူစွာ ကြေညာအပ်ပါတယ်။ ဒီလိုဆိုရင် မကြာခင်မှာ ဓားစာခံ အားလုံး လွတ်မြောက်လာတော့မှာ ဖြစ်ပြီး၊ ခိုင်မာပြီး၊ ကြာရှည် ခံမယ့်၊ ထာဝရ ငြိမ်းချမ်းရေးဆီကို ပထမခြေလှမ်း အနေနဲ့ အစ္စရေးက ၎င်းတို့ရဲ့ တပ်ဖွဲ့တွေကို သဘောတူထားတဲ့ နယ်နိမိတ်ဆီ ဆုတ်ခွာသွားမှာ

Read More
နိုင်ငံတကာ နိုင်ငံရေး

ဂါဇာစစ်ပွဲ အဆုံးသတ်ရေး အစ္စရေးနဲ့ ဟားမတ်စ် တိုက်ရိုက်မဟုတ်တဲ့ ဆွေးနွေးပွဲ တနင်္လာနေ့မှာ စတင်

အောက်တိုဘာ ၇ – ၂၀၂၅ (ဟားမတ်စ်ဘက်က သမ္မတထရမ့်ရဲ့ အဓိက ဆိုပြုချက် အချက် တချို့ကို လက်ခံ လိုက်တာဟာ ဓားစာခံ ပြန်လွှတ်ပေးရေး နဲ့ အပစ်ရပ်စဲရေး အရှိန် အဟုန် ကို မြှင့်တင် ပေးလိုက်ပေမယ့် နှစ်ဘက် အဖွဲ့တွေကြား ကွာဟချက် ကြီး တွေ ရှိနေဆဲ ဖြစ်ပါတယ်။) နှစ်ဘက်အကြား နက်ရှိုင်းတဲ့ သဘောကွဲလွဲမှုတွေ ရှိနေပေမယ့် ဂါဇာမှာ နှစ်နှစ် နီးပါးကြာ ဖြစ်ပွားနေတဲ့ စစ်ပွဲ ပြီးဆုံးတော့မယ်လို့ သတိနဲ့ အကောင်း မြင်မှုတွေ ကြားကပဲ အစ္စရေးနဲ့ ဟားမတ်စ်တို့ ဟာ အမေရိကန် အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်နဲ့ ပတ်သက်ပြီး အီဂျစ် နိုင်ငံမှာ တိုက်ရိုက် မဟုတ်တဲ့ ဆွေးနွေးပွဲတွေ

Read More
War နိုင်ငံရေး

ကနဦးဆုတ်ခွာမယ့် နယ်နိမိတ်မျဉ်း အထိ ပြန်ဆုတ်ပေးဖို့ အစ္စရေး သဘောတူ

အောက်တိုဘာ ၅ – ၂၀၂၅ စေ့စပ်ညှိနှိုင်းမှုတွေ အပြီး အစ္စရေး အနေနဲ့ ကနဦးဆုတ်ခွာမယ့် နယ်နိမိတ်မျဉ်း အထိ ပြန်ဆုတ်ပေးဖို့ သဘောတူလိုက်ပြီလို့ သမ္မတ ထရမ့်က သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားဖေါ်ပြထားပါတယ်။ ဒီညှိနှိုင်း သဘောတူညီမှုကို ဟားမတ်စ် ဘက်ကို အသိပေးထားပြီ ဖြစ်ပြီး ဟားမတ်စ်တို့က အတည်ပြုပြီးတာနဲ့ အပစ်ရပ်စဲရေး ချက်ခြင်း သက်ရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဓားစာခံတွေနဲ့ အကျဥ်းသား လဲလယ်ရေးလည်း စတင်မှာ ဖြစ်ပြီး၊ အဲဒီနောက် တပ်ဆုတ်ဖို့ နောက်တဆင့် အခြေအနေတွေကို သတ်မှတ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ နှစ် ၃၀၀၀ ကျော်ကြာ ကပ်ဘေးကြီး အဆုံးသတ်ဖို့ ဖြစ်လာလိမ့်မယ် လို့လည်း ထရမ့်က ဖေါ်ပြထားပါတယ်။

Read More
War နိုင်ငံတကာ နိုင်ငံရေး

ဟားမတ်စ်က ဓားစာခံပြန်လွှတ်ပေးမယ့် အပေါ် နေတန်ယာဟု တုန့်ပြန်၊ ထရမ့်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပြု

အောက်တိုဘာ ၄ – ၂၀၂၅ ဟားမတ်စ်တို့က ထရမ့် ငြိမ်းချမ်းရေး အစီအစဥ်မှာ ပါတဲ့ ဓားစာခံ လွှတ်ပေးရေး ကို သဘောတူ လိုက်ပြီးနောက် အစ္စရေး ဝန်ကြီးချုပ် ရုံးကနေ ထရမ့် အစီအစဥ်နဲ့ ပတ်သက်ပြီး အစ္စရေး အနေနဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့ စာနှစ်ကြောင်းပါ ကြေညာချက်ကို ထုတ်ပြန် လိုက် ပါတယ်။ “ဟားမတ်စ်ရဲ့ တုံ့ပြန်မှုကြောင့် အစ္စရေးဟာ ဓားစာခံအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးရေး အတွက် ထရမ့်ရဲ့ အစီအစဉ် ပထမအဆင့်ကို ချက်ချင်း အကောင် အထည်ဖော်ဖို့ ပြင်ဆင်နေတယ်” လို့ နေတန်ယာဟုက ပြောကြား ကြောင်း ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ “သမ္မတ ထရမ့်ရဲ့ ရည်မှန်းချက်နဲ့လည်း ကိုက်ညီ၊ အစ္စရေးက ချမှတ်ထား

Read More
သတင်း

ဂါဇာကို ဗုံးကြဲတာ ချက်ခြင်းရပ်ဖို့ ထရမ့်က အစ္စရေးကို ပြော၊ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး နီးစပ်နေပြီလို့ဆို ဟားမတ်စ်တို့က ဓားစာခံပြန်လွှတ်ဖို့ သဘောတူ

အောက်တိုဘာ ၄ – ၂၀၂၅ ဟားမတ်စ်တို့က ဓားစာခံတွေ ပြန်လွှတ်ပေးမယ်လို့ သဘောတူ လိုက်တဲ့ အတွက် သမ္မတထရမ့်က အစ္စရေးတို့ ဂါဇာကို ဗုံးကြဲနေတာ ချက်ခြင်း ရပ်ဖို့ ပြောကြားလိုက်ပါတယ်။ ‘’ဟားမတ်စ် က ရေရှည်ငြိမ်းချမ်းရေး အတွက် အဆင်သင့်ဖြစ်နေပြီ…’’ အစ္စရေးက ဂါဇာကို ဗုံးကြဲတာ ချက်ခြင်းရပ်’’ လို့ ထရမ့်က ဆိုရှယ် မီဒီယာမှာ ဖေါ်ပြထားပါတယ်။ ဟားမတ်စ် တို့ကလည်း ထရမ့်ရဲ့ ပြောဆိုချက်ဟာ အားတက်စရာဖြစ်ပြီး စေ့စပ်ညှိနှိုင်းဖို့ အဆင်သင့်ရှိတယ်လို့ ပြောပါတယ်။ဟားမတ်စ်ရဲ့ ထုတ်ပြန်ချက်ကို တုံ့ပြန်တဲ့ အနေနဲ့ ထရမ့်က ရုပ်သံ သတင်းစကား ထုတ်ပြန်ရာမှာ ငြိမ်းချမ်းရေး သဘောတူညီချက် ဆွေးနွေးရာမှာ ကူညီပေးခဲ့ကြတဲ့ ကာတာ၊ တူရကီ၊ ဆော်ဒီအာရေဗျ၊ ဂျော်ဒန်နဲ့ အီဂျစ်

Read More
နိုင်ငံတကာ သတင်း

သမ္မတ ထရမ့် က ဟားမတ်စ်ကို ပြင်းထန်စွာ သတိပေး၊ နောက်ဆုံး အခွင့်အရေး ကို သဘောမတူရင် တခါမှ မြင်ဘူးတဲ့ ငရဲလို ခံစားရမယ်၊ လာမယ့် တနင်္ဂနွေ ဝါရှင်တန်အချိန် ညနေ ၆ နာရီ နောက်ဆုံးထား သဘောတူရမယ်

အောက်တိုဘာ ၃ – ၂၀၂၅ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူချပြထားတဲ့ ဂါဇာငြိမ်းချမ်းရေး အဆိုပြုချက် အချက် ၂၀ ကို ဟားမတ်စ်အနေနဲ့ လာမယ့် တနင်္ဂနွေ ဝါရှင်တန် အချိန် ညနေ ၆ နာရီ နောက်ဆုံးထား သဘောတူရမယ်လို့ ပြင်းထန်စွာ သတိပေးလိုက်ပါတယ်။ သဘောမတူခဲ့ဘူးဆိုရင် ဟားမတ်စ်တို့ဟာ တခါမှ မမြင်ဘူးတဲ့ ငရဲလို ကြုံတွေ့ခံစားရမယ်လို့ သူ့ရဲ့ TRUTH SOCIAL ပလက်ဖေါင်း ကနေ ခြိမ်းခြောက် လိုက်တာဖြစ်ပါတယ်။ သမ္မတထရမ့် သတိပေးချက် အပြည့်အစုံ (သာသာပြန်) ဟားမတ်စ်အဖွဲ့ဟာ အရှေ့အလယ်ပိုင်းမှာ နှစ်ပေါင်းများစွာ ကြမ်းကြုတ် အကြမ်းဖက် ခြိမ်းခြောက်တဲ့ အဖွဲ့ တခု ဖြစ်တယ်။သူတို့ဟာ လူတွေကို သတ်ဖြတ်ခဲ့ကြပြီး (ဘဝတွေကို မခံမရပ်နိုင်အောင် ဆင်းရဲဒုက္ခ

Read More
နိုင်ငံတကာ နိုင်ငံရေး

ထရမ့်ရဲ့ ဂါဇာငြိမ်းချမ်းရေး အစီအစဥ် ဟားမတ်စ်လက်မခံရင် – ဘာတွေဖြစ်မလဲ – ကိုအောင်မိုးဝင်းနဲ့ မေးမြန်းခန်း

‘’ဟားမတ်စ်ကို ဒီတပွဲမှာ အပြတ်ရှင်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ရှိပြီးသား…’’‘’တတိယပြဿနာက တိုနီဘလဲ တို့ ပါလာတာ…’’ ကိုအာင်မိုးဝင်း (အရှေ့အလယ်ပိုင်းအရေး ကျွမ်းကျင်သူ) ဟားမတ်စ်လက်နက်ချရမယ့် ဂါဇာကို ထရမ့်ရဲ့ ကြီးကြပ်မှုအောက်မှာ ထားရှိမယ့် ထရမ့်ရဲ့ ဂါဇာငြိမ်းချမ်းရေး အစီအစဥ် ဟားမတ်စ် က လက်ခံနိုင်မလား – လက်မခံရင် ဘာတွေ ဆက်ဖြစ်မလဲ…ထရမ့် နဲ့ နေတန်ယာဟုတို့ ရဲ့ တကယ့်ရည်မှန်းချက်ကဘာလဲ…ငြိမ်းချမ်းရေး အတွက် အဓိက ဖြေရှင်းရမှာကဘာလဲ… အရှေ့အလယ်ပိုင်းအရေး ကျွမ်းကျင်သူ ကိုအောင်မိုးဝင်း မေးမြန်း တင်ဆက်ထားပါတယ်။

Read More