နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့ ကုလ တိုက်တွန်း

ဧပြီ ၁၈ – ၂၀၂၆ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Turk က မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးဖို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မတရား ဖမ်းဆီးခံထားရသူ အားလုံးကို ပြန်လွှတ်ပေးဖို့ Volker Turk က တိုက်တွန်းလိုက်ပြီး မြန်မာနိုင်ငံ အတွင်းက အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့လည်း တောင်းဆို လိုက်ပါတယ်။ သူက X လူမှုကွန်ရက်ပေါ်မှာ “နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဏာသိမ်းပြီးချိန် ကတည်းက မတရား ဖမ်းဆီးခံထားရသူအားလုံးကို ကန့်သတ်ချက်မရှိ အချိန်မဆိုင်းဘဲ ချက်ချင်းလွှတ်ပေးရမယ်” လို့ ရေးသားထားပါတယ်။ သောကြာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့ ပေးလိုက်ပြီးတဲ့ နောက်မှာ

Read More
နိုင်ငံရေး

ကုလသမဂ္ဂကို NUG က ရန်ပုံငွေသွင်းပေးနေတယ်လို့ ဦးကျော်မိုးထွန်း ပြော၊ ကုလ မှတ်တမ်းအရ ၂၀၂၁ ကနေ ၂၀၂၆ အထိ မြန်မာနိုင်ငံအနေနဲ့ ပေးသွင်းထားခြင်းမရှိ၊ ကုလမြန်မာသံရုံးငွေ ဒေါ်လ ၂.၆ သန်း ရှိခဲ့ကြောင်းနဲ့ မေးခွန်းထုတ်မှုရှိလာ

ဖေဖေါ်ဝါရီ ၁၀ – ၂၀၂၆ ကုလသမဂ္ဂကို ပေးသွင်းရမယ့် ရန်ပုံငွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ ပေးသွင်းနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းက PVTV ကိုမနေ့က ပြောကြားလိုက်ပါတယ်။ “၂၀၂၁ ကနေ စပြီးတော့ ၂၀၂၅ အကုန်ထိ ကျနော်တို့ တတ်နိုင်သမျှ မဲပေးခွင့် မဆုံးရှုံး ဖို့အတွက် တော်လှန်ရေးစပြီးတဲ့ အချိန်နောက်ပိုင်းမှာ သုံးကြိမ် တိတိပေ့ါနော် ကုလသမဂ္ဂကို ပေးသွင်း ရမယ့် အနည်းဆုံး ငွေပမာဏကို ကျနော်တို့ ပေးသွင်းခဲ့တာရှိပါတယ်’’ လို့ ပြောကြား သွားခဲ့တာ ဖြစ်ပါတယ်။ ပထမ အကြိမ်မှာ ရုံး ရန်ပုံငွေ ကနေ ဒေါ်လာ ၃ သိန်းကျော်ကို ပေးသွင်း ခဲ့ပြီး ၂၀၂၄ နဲ့ ၂၀၂၅

Read More
နိုင်ငံတကာ

မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီ ဒီဇင်ဘာ ၂၂ တံခါးပိတ် ဆွေးနွေးမယ်

ဒီဇင်ဘာ ၂၀ – ၂၀၂၅ ဒီသီးသန့် အစည်းအဝေးကို ဗြိတိန်နဲ့ တောင်ကိုရီးယား တို့ရဲ့ တောင်းဆိုမှု ကြောင့် ဆွေးနွေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ————————— THN Public Media

Read More
နိုင်ငံတကာ နိုင်ငံရေး

သမ္မတထရမ့် က ကုလသမဂ္ဂမိန့်ခွန်းမှာ တခြားနိုင်ငံတွေ နဲ့ ကုလကို ပစ်မှတ်ထား တိုက်ခိုက်

စက်တင်ဘာ ၂၃ – ၂၀၂၅ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နယူးယောက်မြို့မှာ ကျင်းပနေတဲ့ အကြိမ် ၈၀ မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်း ပြောကြားရာမှာ တခြားနိုင်ငံတွေရဲ့ နယ်စပ်ရေးရာ နဲ့ ရာသီဥတု ဆိုင်ရာ မူဝါဒတွေ အပေါ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ သလို ကုလသမဂ္ဂ ကိုလည်း ဝေဖန် သွားပါတယ်။ ကုလသမဂ္ဂ ဟာ အနောက်နိုင်ငံတွေကို ရွှေ့ပြောင်းလာသူတွေ “ကျူးကျော် ဝင်ရောက်ခြင်း” ကို လွယ်ကူ ချောမွေ့စေအောင် လုပ်ပေး နေတယ်လို့ စွပ်စွဲလိုက်ပြီး ” နယ်စပ်တွေ ပွင့်နေတဲ့ မအောင်မြင် တဲ့ စမ်းသပ်မှု” ကို အဆုံးသတ်ဖို့ အချိန်တန်ပြီလို့ ထရမ့်က ပြောကြားသွား ပါတယ်။ ရွှေ့ပြောင်းနေထိုင်မှု နဲ့ ပတ်သက်လို့

Read More
နိုင်ငံတကာ နိုင်ငံရေး

ပါလက်စတိုင်းနိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုကြောင်း ပြင်သစ်သမ္မတ မက်ခရွန် ကုလညီလာခံမှာ ပြောကြား

စက်တင်ဘာ ၂၂ – ၂၀၂၅အာလုံး မျှော်လင့်ထားတဲ့ အတိုင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ပြင်သစ်အစိုးရ အနေနဲ့ ပါလက်စတိုင်းနိုင်ငံကို တရားဝင် အသိအမှတ်ပြု ဖြစ်ကြောင်း အကြိမ် ၈၀ မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အတည်ပြုပြောကြားလိုက်ပြီ ဖြစ်ပါတယ်။ မကြာသေးခင် သီတင်းပတ်တွေ အတွင်း အခုလို ပါလက်စတိုင်းနိုင်ငံ အဖြစ် အသိအမှတ်ပြုတဲ့ နိုင်ငံရေး လှိုင်းထဲမှာ ပြင်သစ်လည်း ပါဝင်လာတာ ဖြစ်ပါတယ်။အခုလို ပါလက်စတိုင်းနိုင်ငံ အသိအမှတ်ပြုကြောင်း မပြောကြားခင် သမ္မတ မက်ခရွန်က ဂါဇာ စစ်ပွဲကို ရပ်တန့်ဖို့နဲ့ ဟားမတ်စ် အနေနဲ့ ဖမ်းဆီးထားတဲ့ ဓားစာခံ ၄၈ ယောက်ကို လွှတ်ပေးဖို့ အချိန်တန်ပြီလို့ ကုလသမဂ္ဂကို ပြောကြားခဲ့ပါတယ်။ ကမ္ဘာကြီးဟာ ငြိမ်းချမ်းရေးကို

Read More
နိုင်ငံတကာ နိုင်ငံရေး

ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းဟာ “အကြမ်းဖက်ဝါဒကို ဆုလာဘ်ကြီးပေးတာ” ဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ပြောကြား

စက်တင်ဘာ ၂၂ – ၂၀၂၅ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုခြင်းဟာ “အကြမ်းဖက်ဝါဒကို ကြီးမားသော ဆုလာဘ်ပေးခြင်း” ဖြစ်တယ်လို့ မနေ့က ပြောကြားလိုက် ပါတယ်။ဆိုရှယ် လူမှုကွန်ရက်မှာ တင်ခဲ့သော ဗီဒီယိုတခုမှာ ဘင်ဂျမင် နေတန်ယာဟု က ပါလက်စတိုင်း နိုင်ငံ “ဖြစ်လာမှာမဟုတ်ဘူး” လို့လည်း ပြောကြားခဲ့ပါတယ်။ “ဂျော်ဒန်မြစ်ရဲ့ အနောက်ဘက်မှာ ပါလက်စတိုင်းနိုင်ငံ ထူထောင်လို့ရမှာ မဟုတ်ဘူး” လို့ သူက ပြောကြားခဲ့ပြီး၊ အစ္စရေးတို့ဟာ West Bank ရှိ ဂျူးအခြေချ နေထိုင်မှုတွေကို နှစ်ဆတိုးခဲ့ပြီး “ဒီလမ်းကြောင်း အတိုင်း ဆက်လက်သွားနေမယ်” လို့လည်း ဆိုပါတယ်။ နေတန်ယာဟုက အစ္စရေးဒေသမှာ သူ့အဆို “အကြမ်းဖက်နိုင်ငံကို အတင်းအကျပ် သွတ်သွင်းရန် ကြိုးပမ်းမှု” အပေါ်

Read More