THN Public Media Blog သတင်း ပြည်တွင်း UEC ယာဥ်တန်း PDF တိုက်ခိုက်၊ မြို့နယ်ရဲမှူးအပါအဝင် ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ
ပြည်တွင်း

UEC ယာဥ်တန်း PDF တိုက်ခိုက်၊ မြို့နယ်ရဲမှူးအပါအဝင် ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

ဇန်နဝါရီ ၇ – ၂၀၂၆

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC အဖွဲ့ဝင် လိုက်ပါ လာတဲ့ ယာဥ်တန်း မကွေး – ကံပြား- နေပြည်တော် လမ်းပိုင်း ၊ မိုင်တိုင် ၃၂ မိုင် ၇ ဖာလုံ မှာ နေပြည်တော် PDF က တိုက်ခိုက်ခဲ့လို့ လုံခြုံရေး မြို့နယ် ရဲမှူး အပါအဝင် ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရ ပါတယ်။

ဇန်နဝါရီ ၆ ရက်နေ့ ၊ မွန်းလွဲပိုင်း ၁ နာရီလောက် မှာ ယာဥ်တန်းကို ပစ်ခတ် တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ကြောင်း ၊ တိုက်ခိုက် ခံရမှုကြောင့် ယာဥ်တန်းမှာ လုံခြုံးရေး လိုက်ပါရယူ ခဲ့တဲ့ မြို့သစ်မြို့နယ် ရဲမှူး ဦးထွန်းလင်းအောင် နဲ့ UEC အဖွဲ့ဝင်ရဲ့ ကိုယ်ရေးအရာရှိ ဦးအောင်ကျော်သူတို့ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

UEC အဖွဲ့ဝင် ယာဥ်တန်းမှာ လုံခြုံးရေး ရယူပေး ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေ ထဲက လုံခြုံရေး တပ်ဖွဲ့ဝင် သုံးယောက်လည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့တာ ကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ် ။

နေပြည်တော် PDF ထုတ်ပြန်ချက်မှာတော့ UEC အဖွဲ့ဝင်နဲ့ တိုင်းအဆင့် ရွေးကောက်ပွဲ အဖွဲ့ဝင်တွေ လိုက်ပါတဲ့ ကားလေးစီးကို ကြားဖြတ် ပစ်ခတ် တိုက်ခိုက် ခဲ့တာ ဖြစ်ကြောင်း၊ တိုက်ခိုက်မှု အတွင်းမှာ မြို့သစ်မြို့နယ် ရဲမှူး အပါအဝင် ၈ ဦး သေဆုံးခဲ့ ပြီး ကားသုံးစီး ထိခိုက် ပျက်စီး ခဲ့တယ် လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် တိုက်ခိုက်မှုအတွင်း G3 သေနတ် (၂)လက်၊ ကျည် (၁၆၁) တောင့် နဲ့ ကျည်ဘောက် (၃)ခု ကို လည်း သိမ်းဆည်း ရရှိခဲ့တယ်လို့ ထုတ်ပြန် ထားပါတယ်။

ဒါဟာ ရွေးကောက်ပွဲ အပိုင်း(၂)ကို ဟန့်တား တိုက်ဖျက်မှု စစ်ဆင်ရေး ဖြစ်ပြီး ရွေးကောက်ပွဲ ပြုလုပ်မှုကို နေရာ ပေါင်းစုံ၊ ဘက်ပေါင်းစုံ ကနေ ဟန့်တား ပိတ်ပင်သွား မယ်လို့လည်း ထုတ်ပြန် ချက်မှာ ဖော်ပြထား ပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး NUG ရဲ့ မကြာသေးခင်က ထုတ်ပြန်ချက် မှာတော့ ရွေးကောက်ပွဲ ဝင်တဲ့ သူတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်မှာ ပါတဲ့သူတွေကို ဖမ်းဆီးပြီး ထောင်ဒဏ် ငွေဒဏ်တွေ ချမှတ်သွားမယ်လို့ ဆိုထားပါတယ်။

Ref: VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version