Sport နိုင်ငံတကာ

UFC ချန်ပီယံ ဂျိုရှူရာဗန် မလေးရှားမှာ ပရိသတ်တွေနဲ့ တွေ့ဆုံ၊ အဆိုတော် ဖြူဖြူကျော်သိန်း တက်ရောက်

မေလ ၂၆ – ၂၀၂၆

UFC ဖလိုင်းဝိတ် ချန်ပီယံ ဂျိုရှူရာဗန် ဟာ မနေ့ မေလ ၂၅ ရက်နေ့က မလေးရှားနိုင်ငံမှာ သူ့ကို အားပေးထောက်ခံသူ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါတယ်။

မလေးရှားနိုင်ငံ ချင်းဒုက္ခသည်ကော်မတီ ၂၅ နှစ်ပြည် ငွေရတု အခမ်းအနား အတွက် ဂျိုရှူရာဗန် သွားရောက်ခဲ့တာ ဖြစ်ပြီး အခမ်းအနား မတိုင်ခင် သူ့ရဲ့ ပရိသတ်တွေနဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဂျိုရှူရာဗန် ဟာ မလေးရှားနိုင်ငံမှာ ဒုက္ခသည် အဖြစ် ငယ်ငယ်တုန်းက နေထိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

မလေးရှားအပြင် ထိုင်း နဲ့ မီဇိုရမ် ကိုလည်း သွားရောက်မှာ ဖြစ်ကြောင်း သိရပါတယ်။

Photo: Chin Refugee Committee, Malaysia

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *