THN Public Media Blog သတင်း နိုင်ငံရေး တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံရောက်ရှိ၊ သမ္မတသစ် နဲ့ တွေ့ဆုံဆွေးနွေး
နိုင်ငံရေး

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံရောက်ရှိ၊ သမ္မတသစ် နဲ့ တွေ့ဆုံဆွေးနွေး

ဧပြီ ၂၅ – ၂၀၂၆

တရုတ်နိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ်၊ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးရာဗျူရို အဖွဲ့ဝင် လည်း ဖြစ်တဲ့ မစ္စတာ ဝမ်ယိဟာ မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိလာပါတယ်။

မစ္စတာ ဝမ်ယိဟာ မြန်မာနိုင်ငံမှာ စစ်တပ်ကကျင်းပတဲ့ ရွေးကောက်ပွဲ ကနေ ဖြစ်လာတဲ့ သမ္မတသစ် ဦးမင်းအောင်လှိုင် နဲ့ တွေ့ဆုံ ဆွေးနွေးမှု တွေ ပြုလုပ်ခဲ့ကြောင်း MRTV က သတင်းထုတ်ပြန်ထားပါတယ်။

ဦးမင်းအောင်လှိုင်က သူသမ္မတ ဖြစ်လာတာကို တရုတ်သမ္မတ ရှီကျင်ပင်း အနေနဲ့ ပထမဆုံး ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ ခဲ့တာကို ဝမ်းမြောက်ဂုဏ်ယူ ကြောင်း မစ္စတာ ဝမ်ယိကိုလည်း အခုလို လာရောက် တွေ့ဆုံတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါ တယ်။

မစ္စတာဝမ်ယိ ကလည်း သမ္မတ ရှီကျင်းပင်က ဦးမင်းအောင်လှိုင် အတွက် ဆုမွန်ကောင်းတွေ တောင်းပေးလိုက်တယ်လို့ ဆိုပါတယ်။

ဦးမင်းအောင်လှိုင် လက်ထက်မှာ ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီး ဖြစ်လာလိမ့်မယ်လို့လည်း ယုံကြည်ကြောင်း၊ တရုတ်နိုင်ငံအနေနဲ့ နိုင်ငံ တကာမှာ မြန်မာနိုင်ငံဘက်က ဆက်လက် ထောက်ခံ ရပ်တည် ပေးသွား မယ်လို့လည်း မစ္စတာ ဝမ်ယိ ကပြောကြောင်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင် တရုတ်မြန်မာ နယ်စပ်ဒေသတည်ငြိမ်ရေး ပြည်တွင်း ငြိမ်းချမ်းရေး၊ နယ်စပ် ကုန်စည်ကူးသန်းမှု ချောမွေ့စေရေး၊ စွမ်းအင်နဲ့ သတ္တု အပါအဝင် အွန်လိုင်း လိမ်လည် လောင်းကစား တိုက်ဖျက်ရေး ကိစ္စတွေ ကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version