မတ်လ ၂၁ – ၂၀၂၆
ကာလရှည်ကြာ ပြသခဲ့တဲ့ “Walker, Texas Ranger” ရုပ်သံစီးရီးမှာ Cordell Walker အဖြစ် လူသိများ နာမည်ကြီး မင်းသားကြီး ချက်ခ်နောရစ် Chuck Norris ဟာ ပြီးခဲ့တဲ့ မတ်လ ၁၉ ကြာသပတေးနေ့က ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။
မိသားစုတင်တွေ ဝန်ရံလျက် အေးချမ်းစွာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး ကွယ်လွန် ချိန်မှာ မင်းသားကြီး ဟာ အသက် ၈၆ နှစ်ရှိပြီ ဖြစ်ပါတယ်။
သည် ပြီးခဲ့သည့် ကြာသပတေးနေ့က မိသားစုဝင်များ ဝန်းရံလျက် အေးချမ်းစွာ ကွယ်လွန် သွားခဲ့တာပါ။
“သူ့ရဲ့ အပြင်ပန်းသွင်ပြင်က စစ်သည်တော် တယောက်လို မာထန်နေပေမဲ့၊ သူ့ရဲ့ နှလုံးသား ကတော့ မေတ္တာတရားတွေနဲ့ ပြည့်နှက်နေသူပါ” လို့ သူ့ရဲ့ သမီးဖြစ်သူ Danilee က ပြောပါတယ်။
၁၉၄၀ ခုနှစ်က Oklahoma ပြည်နယ်မှာ မွေးဖွားခဲ့ပြီး အမေရိကန် လေတပ်မှာ တာဝန်ထမ်းဆောင် ခဲ့သူလည်း ဖြစ်ပါတယ်။
ထို့နောက် ကိုယ်ခံပညာရှင်အဖြစ် နာမည်ကျော်ကြားလာခဲ့ပြီး ၁၉၇၂ ခုနှစ်မှာ ဘရုစလီ (Bruce Lee) နဲ့ အတူ “Way of the Dragon” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ရင်း ရုပ်ရှင်လောက ကို စတင်ခြေချခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ ကိုယ်ခံပညာကျွမ်းကျင်မှုကို အခြေခံပြီး ဆယ်စုနှစ်များစွာကြာအောင် အောင်မြင်တဲ့ အနုပညာ ခရီးကို လျှောက်လှမ်းနိုင်ခဲ့သူ ဖြစ်ပါတယ်။
ချက်ခ်နောရစ် ရဲ့ သိုင်းပညာကျွမ်းကျင်မှု သန်မာထွားကြိုင်းမှုတွေ နဲ့ပတ်သက်ပြီး အင်တာနက်မှာ ဟာသ များစွာရှိခဲ့ရာ ဥပမာအနေနဲ့ “အရေးပေါ်အခြေအနေဆိုရင် 911 ကတောင် သူ့ကို ပြန်ခေါ် ရတယ်” ဆိုတဲ့ ပြောဆိုမှုတွေဟာ အလွန်ခေတ်စားခဲ့ပါတယ်။
—————————
THN Public Media
