ဇွန်လ ၅ – ၂၀၂၆
ကလေးသူငယ် အားလုံးဟာ လူသား အခွင့်အရေး အရ လွတ်လပ်စွာ ပညာသင်ယူခါင့် နဲ့ ကျောင်းရွေးချယ်ပိုင်ခွင့် ရှိပြီး မိဘတွေ ရဲ့ ကိုယ့် ကလေး ပညာရေးအတွက် လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့်ကို လက်ခံ အားပေး သွားမယ်လို့ ‘’ကျောင်းသားတော်လှန်ရေးတပ်’’ SRF က ဒီကနေ့ သဘောထား ထုတ်ပြန်လိုက်ပါတယ်။
ဒီအတွက် SRF နယ်မြေ အတွင်း ကလေးသူငယ် လွတ်လပ်စွာ ပညာသင်ကြားခွင့် လွတ်လပ်စွာသွားလာခွင့်ကို ထိပါးနှောင့်ယှက်တဲ့ ဘယ်လို အဖွဲ့အစည်းအကို မဆို ဆန့်ကျင်ပြီး ကျောင်းသားတွေ ဘက်က ကာကွယ်ရပ်တည်သွားမယ်လို့ ဖေါ်ပြထားပါတယ်။
—————————
THN Public Media
