ပြည်တွင်း

ကျားဖျန့်နှိမ်နင်းရေး စတင်ပြီးနောက် ရွှေကုက္ကိုလ် တမြို့လုံး ညဘက်မှာ မှောင်မည်းနေ၊ မီးစက်သံလည်း မကြားရ

နိုဝင်ဘာ ၁၉ – ၂၀၂၅

ကရင်နယ်ခြားစောင့်တပ် BGF နဲ့ မြန်မာစစ်တပ်/ရဲတို့ ပူးပေါင်းပြီး မနေ့ နိုဝင်ဘာ ၁၈ ရက်နေ့က မြဝတီအနီး ရွှေကုက္ကိုလ်မြို့သစ်မှာ ကျားဖျန့် နှိမ်နင်းရေး ဝင်ရောက်စီးနင်း ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ညဘက်မှာတော့ တမြို့လုံး မီးတွေ မှောင်နေပြီး မီးစက်သံတွေကိုတောင် မကြားရဘူးလို့ ထိုင်း သတင်းမှာ ဖေါ်ပြထားပါတယ်။

အရင်တခေါက် ကျားဖျန့်နှိမ်နင်းရေးတုန်းက ထိုင်းအစိုးရ ကနေ မြဝတီ ဘက်ကို လျှပ်စစ်မီး၊ လောင်စာဆီ နဲ့ အင်တာနက် ဖြတ်တောက် တုန်းက တောင် ညဘက်မှာ အလင်းရောင် ထိန်နေခဲ့တဲ့ အဆောက်အအုံ နဲ့ တိုက်တာ တွေဟာ နိုဝင်ဘာ ၁၈ ရက်နေ့ညမှာ အမှောင်ဖုံးလွှမ်းနေတယ်လို့ ဆိုပါတယ်။

မီးစက်သံတွေတောင် မကြားရတော့ဘဲ ရွှေကုက္ကိုမြို့ အဆောက်အဦး အခန်းတွေမှာ အလင်းရောင်ကို မတွေ့ရတဲ့ ပထမဆုံးည လို့ပြောပါတယ်။

BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ကျားဖျန့် တွေကို အပြီးတိုင် နှိမ်နင်းသွားမှာ ဖြစ်တယ်လို့ သတင်းထောက် တွေကို ပြောကြားထားတာ ဖြစ်ပါတယ်။

Crd – The Reporters

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *