THN Public Media Blog သတင်း War ကျောက်တော်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ လူ ၂၁ သေဆုံးကာ ၃၀ လောက် ဒဏ်ရာရရှိခဲ့
War

ကျောက်တော်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ လူ ၂၁ သေဆုံးကာ ၃၀ လောက် ဒဏ်ရာရရှိခဲ့

ဇန်နဝါရီ ၂၂ – ၂၀၂၆

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ် ၊ချောင်းတူရွာ အနီးမှာ လေကြောင်း တိုက်ခိုက်ခံရပြီး လူ ၂၁ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ အယောက် ၃၀ လောက်ရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က ဇန်နဝါရီ ၂၀ ရက်နေ့ ၊ ည ၇ နာရီခွဲလောက်မှာ လေကြောင်း တိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့တာလို့ သိရပါတယ်။

” သိရသလောက် သေတာ အားလုံးဆိုရင် ၂၁ ယောက်ရှိတယ် ။ ဒဏ်ရာရ က ၃၀ လောက်ရှိတယ်လို့ သိရတယ်။ သေဆုံးတဲ့အထဲမှာ ကလေးတွေ လည်း ပါတယ်ပြောတယ်။ အချင်းချင်း ချိတ်ဆက်ပြီး သိရတာပေါ့။ စစ်သုံ့ပန်းတွေလို့ ပြောတယ် ။ AA ကလည်း အဲဒီလိုထုတ်ပြန် ထားတာ တွေ့တယ် ။ ” လို့ ရခိုင်ပြည်နယ်အတွင်း စစ်ရှောင်အရေး ကူညီနေသူက ပြောပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲမှာ ဒဏ်ရာပြင်းထန်သူတွေ ပါဝင်တာကြောင့် လက်ရှိမှာ ဆေးဝါးကုသမှုတွေ ခံယူနေရတယ်လို့ သိရပါတယ် ။

ဒီ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး AA ကလည်း သတင်း ထုတ်ပြန် ထားတာ တွေ့ရပါတယ်။

လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေဟာ စစ်သုံ့ပန်းမိသားစုဝင်တွေနဲ့ စစ်သုံ့ပန်းတချို့ ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး သေဆုံး၊ ဒဏ်ရာရ အသေးစိတ်စာရင်းကိုတော့ ထပ်မံဖော်ပြပေးသွားမယ် လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြ ထားပါ တယ်။

အဆိုပါစစ်သုံ့ပန်းတွေနဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေဟာ မကြာမီမှာပြန်လည် လွှတ်ပေးဖို့အတွက် စီစဥ်ထားသူတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version