THN Public Media Blog သတင်း War ကျောက်မဲမြို့ထဲကို စစ်တပ်က မီးလောင်ဗုံး နဲ့ တိုက်ခိုက်လို့ ဌာန ဆိုင်ရာရုံးတွေ မီးလောင်ခဲ့ကြောင်း TNLA သတင်းထုတ်ပြန်
War နိုင်ငံရေး

ကျောက်မဲမြို့ထဲကို စစ်တပ်က မီးလောင်ဗုံး နဲ့ တိုက်ခိုက်လို့ ဌာန ဆိုင်ရာရုံးတွေ မီးလောင်ခဲ့ကြောင်း TNLA သတင်းထုတ်ပြန်

အောက်တိုဘာ ၁ – ၂၀၂၅

TNLA တအာင်းတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်တပ်ကနေ မနေ့ စက်တင်ဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက မီးလောင်ဗုံးတွေ ကြဲချ တိုက်ခိုက်ခဲ့တဲ့ အတွက် ဌာနဆိုင်ရာရုံး တချို့ မီးလောင်ခဲ့တယ်လို့ TNLA က ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

မြို့တွင်း နေရာ တချို့ နဲ့ မီးသတ်ရုံး၊ သစ်တောရုံး၊ ရဲစခန်း နေရာတွေ မီးလောင်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ စစ်တပ်ဟာ ကျောက်မဲမြို့နယ်ကို သာလွန်အင်အား အပါအဝင် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံးတွေပါ အသုံးပြုပြီး ရမ်းသန်း ပစ်ခတ် တိုက်ခိုက်နေတာကြောင့် အများပြည်သူ အနေနဲ့ ဘေးလွတ်ရာ ထွက်ပြေးတိမ်း‌ရှောင်နေကြရတယ်လို့ ဆိုပါတယ်။

နှစ်ဘက်တိုက်ပွဲတွေကတော့ ကျောက်မဲမြို့အနီး ပင်တီးကျေးရွာ နောင်ချို့မြိုနယ် ဘန်ကာချောင်းအနီး နေရာတွေမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အခု အချိန်ထိ ဆက်လက်ပြင်ထန်နေတယ်လို့ ဖေါ်ပြထားပါတယ်။
ဒီအတွက်ကြောင့် မိဘပြည်သူတွေနေနဲ့ စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး နဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ရေး စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန် ကာကွယ်ရေး ဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြိဖို့ လိုအပ်ကြောင်း ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version