THN Public Media Blog သတင်း ပြည်တွင်း ကျောက်မဲမြို့ အဝင် ခိုမုန်းရွာအထိ တိုက်ပွဲဖြစ်ပွားလာပြီး ကျောက်မဲကို TNLA လက်လွှတ်ရဖွယ်ရှိ
ပြည်တွင်း သတင်း

ကျောက်မဲမြို့ အဝင် ခိုမုန်းရွာအထိ တိုက်ပွဲဖြစ်ပွားလာပြီး ကျောက်မဲကို TNLA လက်လွှတ်ရဖွယ်ရှိ

စက်တင်ဘာ ၂၉ – ၂၀၂၅

TNLA တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ အဝင် ခိုမုန်းရွာ အထိ ဒီနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ပိုင်းကစ တိုက်ပွဲ ဖြစ်ပွားလာ ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“တိုက်ပွဲက ခိုမုန်း အထိ ရောက်ရှိ လာပြီ ဆိုပါတော့။ TNLA ဘက်က ပြန် ပစ်သံတော့ သိပ်မကြား ရဘူး” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

ခိုမုန်းရွာဘက် စစ်မရှောင်နိုင်တဲ့ ဒေသခံတွေရှိနေသေးပြီး လေယာဉ် ဗုံးကြဲချခဲ့ သံပါ ကြားရပေ‌မယ့် အခြေအနေ မသိနိုင်သေးဘူးလို့ သူက ပြောပါတယ်။

“ခိုမုန်းရွာ တောင်ဘက် ဒရုန်းဗုံးကြဲသွားတယ် သိပ်မကြာသေးဘူး။ ခိုမုန်းက မြို့‌တွင်းနဲ့ ၂ မိုင်လောက်ပဲ ဝေးတာ။ ပြည်ထောင်စု လမ်းမ ပေါ်ပဲ” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်းက ခိုးမုန်းတောင်ဘက် ဒရုန်းဗုံးကြဲချခဲ့သလို နေ့လယ်ခန့်ကလည်း လုံဝယ်ရွာအနီး စီပီကုန်းဘက် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားသံတွေကြားနေရပြီး Y-12 ဗုံးကြဲ တိုက်ခိုက်သွားတာလည်း ရှိတယ်လို့ သူက ပြောပါတယ်။

TNLA နဲ့ ပူးပေါင်း တပ်ဖွဲ့ဘက်က ဆုတ် ပစ်ပစ် နေတာတွေ့ရပြီး စစ်တပ် ဘက်ကတော့ ကျောက်မဲ အဝင် ဆိုင်းဘုတ်ကို လှမ်းမြင်နေရတဲ့ အနေအထား ရောက်လာပြီဖြစ်ကာ ကောလိဟိုတယ်ကိုပါ ဒရုန်းနဲ့ တိုက်ခိုက်တာရှိကြောင်း၊ ပြည်ထောင်စုလမ်းမ စခန်းသာဘက်လမ်းကြောင်းနဲ့ မိုင်းတင်းဘက် လမ်းကြောင်း တွေကနေ ပိတ်ဆို့ တိုက်ခိုက် နေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေရဲ့ ဆိုရှယ် မီဒီယာတွေ မှာ ရေးသားထားပါတယ်။

ဒေသခံ သောင်းချီ တိုက်ပွဲလွတ်ရာ ရှောင်တိမ်း ကြရကာ စစ်ရှောင်ကာလ ကြာလာတာကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ကြုံနေကြရတယ်လို့ သိရပါတယ်။

Crd – VOM

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version