THN Public Media Blog သတင်း နိုင်ငံတကာ ” အချိန်ကြာမြင့်စွာ နာကျင်ခဲ့ရတဲ့ အိပ်မက်ဆိုးကြီး နောက်ဆုံးမှာ ပြီးဆုံးခဲ့ပြီ” လို့ အစ္စရေးလွှတ်တော်မှာ ထရမ့် ပြောကြား
နိုင်ငံတကာ

” အချိန်ကြာမြင့်စွာ နာကျင်ခဲ့ရတဲ့ အိပ်မက်ဆိုးကြီး နောက်ဆုံးမှာ ပြီးဆုံးခဲ့ပြီ” လို့ အစ္စရေးလွှတ်တော်မှာ ထရမ့် ပြောကြား

JERUSALEM - OCTOBER 13: U.S. President Donald Trump addresses the Knesset, Israel's parliament, on October 13, 2025 in Jerusalem. President Trump is visiting the country hours after Hamas released the remaining Israeli hostages captured on Oct. 7, 2023, part of a US-brokered ceasefire deal to end the war in Gaza. (Photo by Evelyn Hockstein - Pool/Getty Images

အောက်တိုဘာ ၁၃ – ၂၀၂၅

ဟားမတ်စ်ကနေ အသက်ရှင် အစ္စရေး ဓါးစာခံ အာလုံးကို ပြန်လွှတ်ပေးခဲ့ တဲ့ ဒီကနေ့မှာ အမေရိကန် သမ္မတ ထရမ့်ဟာ အစ္စရေးနိုင်ငံကို ရောက်ရှိသွားပြီး အစ္စရေး လွှတ်တော်မှာ မိန့်ခွန်းပြောကြားရာ ” အချိန်ကြာမြင့်စွာ နာကျင်ခဲ့ရတဲ့ အိပ်မက်ဆိုးကြီး နောက်ဆုံးမှာ ပြီးဆုံးခဲ့ပြီ” လို့ ပြောကြားသွားပါတယ်။

သမ္မတထရမ့် ဟာ အစ္စရေးနဲ့ ဟားမတ်စ်အကြား အပစ်အခတ် ရပ်စဲရေးအတွက် ကြားဝင် ဆောင်ရွက်ပေးခဲ့ပြီးနောက်၊ အစ္စရေးနိုင်ငံကို နာရီပိုင်း ရောက်ရှိသွားခဲ့တာ ဖြစ်ပြီး အခုတော့ အီဂျစ် နိုင်ငံ ထိပ်သီးအစည်းအတွေး အတွက် ခရီးဆက် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

အစ္စရေး လွှတ်တော်အတွက် ၂၀၀၈ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် အမေရိကန်သမ္မတ တဦးရဲ့ မိန့်ခွန်းဖြစ်ပြီး၊ သမ္မတ ထရမ့် က အရှေ့ အလယ်ပိုင်း မှာ “အရာရာဟာ စတင်ပြောင်းလဲပြီး ပိုမိုကောင်းမွန် လာမယ့် အချိန်” ကို ကိုယ်စားပြု နေပြီလို့ ပြောကြားခဲ့ပါတယ်။

အစ္စရေး Knesset လွှတ်တော်မှာ အမတ်တွေက “ထရမ့်, ထရမ့်, ထရမ့်” လို့ ကြွေးကြော်ခဲ့ကြပြီး သမ္မတ ထရမ့် ကလည်း “အရှေ့အလယ်ပိုင်းရဲ့ သမိုင်းဝင် အရုဏ်ဦးသစ်” ကို တွေ့နေရပြီဖြစ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

ထရမ့် မိန့်ခွန်း ပြောနေစဥ် အတိုက်အခံပါလီမန် အမတ်တဦးက “ပါလက်စတိုင်း ကို အသိအမှတ်ပြုလို့” ရေးထားတဲ့ စာရွက်တရွက်ကို ကိုင်မြှောက်လိုက်တာကြောင့် ခဏတာ ရပ်တန့်သွားခဲ့ပြီး အဲဒီအမတ်ကို အခန်းအပြင်ကို ခေါ်ထုတ်သွားခဲ့ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟု က ထရမ့်ကို ချီးကျူး ဂုဏ်ပြုလိုက်ပြီး ထရမ့်ဟာ အိမ်ဖြူတော်မှာ အစ္စရေးအတွက် အကောင်းဆုံး မိတ်ဆွေ ဖြစ်ခဲ့ကြောင်း ပြောပါတယ်။

၂၀၂၃ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုတွေ အတွင်း ဟားမတ်စ်တို့ ဖမ်းဆီးသွားတဲ့ လူ ၂၅၁ ဦးရှိခဲ့ပြီး၊ အခု ကျန်ရှိနေတဲ့ ဓားစာခံတွေ အားလုံး ပြန်လည် လုံခြုံစွာ ရရှိရေးအတွက် “မဆုတ်မနစ် ကူညီမှု” အတွက် နေတန်ယာဟု က ထရမ့်ကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်တို့ဟာ ထရမ့်ရဲ့ အချက် ၂၀ ပါ ငြိမ်းချမ်းရေး အစီအစဉ် ပထမအဆင့် ကို သဘောတူခဲ့ကြပြီးနောက် ဂါဇာမှာ အပစ် အခတ် ရပ်စဲရေးကို သောကြာနေ့ မနက်ပိုင်းမှာ စတင် အသက်ဝင် စေခဲ့ ပါတယ်။

နောက်ဆက်တွဲ အဆင့်တွေကို ဆက်လက်ညှိနှိုင်းဖို့ ရှိနေပါတယ်။

ထရမ့်က အပစ်အခတ် ရပ်စဲရေး ခိုင်မြဲမှာဖြစ်ပြီး သူကိုယ်တိုင် ဦးဆောင်တဲ့ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ကို နယ်မြေအုပ်ချုပ်ရေး အတွက် အလျင်အမြန် ဖွဲ့စည်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

နေတန်ယာဟု ကလည်း လွှတ်တော်မိန့်ခွန်းမှာ “ဒီငြိမ်းချမ်းရေးကို ကျွန်တော် ကတိပြုပါတယ်” လို့ ပြောကြားပါတယ်။

ထရမ့် က အစ္စရေး လွှတ်တော် မှာ မိန့်ခွန့် ပြောကြားခဲ့ သလို တဘက် မှာလည်း ဟားမတ်စ်တို့ က ဓားစာခံ ၂၀ ကို အကုန်လုံး ပြန်လွှတ်ပေးခဲ့ သလို အစ္စရေး ဘက်ကလည်း ပါလက်စတိုင်း အကျဥ်းသား ၂၀၀၀ နီးပါး ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

—————————

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version