THN Public Media Blog သတင်း War အီရန်စစ်ပွဲ ကနေ ပြန်ထွက်တော့မယ်လို့ ထရမ့်ပြော
War နိုင်ငံတကာ နိုင်ငံရေး

အီရန်စစ်ပွဲ ကနေ ပြန်ထွက်တော့မယ်လို့ ထရမ့်ပြော

မတ်လ ၃၁ – ၂၀၂၆

အမေရိကန်ဟာ အီရန်နိုင်ငံ စစ်ဆင်ရေး ကနေ သိပ်မကြာခင် ပြန်ထွက်တော့မယ်လို့ သမ္မတ ထရမ့်က အိမ်ဖြူတော်မှာ ပြောကြားလိုက်ပြီး နောက်ထပ် “နှစ်ပတ် ဒါမှမဟုတ် သုံးပတ်” အတွင်း အဆုံးသတ် နိုင်တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့လ နှောင်းပိုင်းက အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန် အပေါ် လေကြောင်း တိုက်ခိုက်မှုတွေ မစတင်ခင် ကတည်းက ချမှတ်ထားတဲ့ ရည်မှန်းချက်တွေကို အမေရိကန် အနေနဲ့ အောင်အောင် မြင်မြင် အကောင်အထည် ဖော်နိုင်ခဲ့ပြီလို့ သူက ဆိုပါတယ်။

အဓိက ရည်မှန်းချက်ဖြစ်တဲ့ အီရန်ရဲ့ နျူကလီးယား လက်နက် ပိုင်ဆိုင်နိုင်စွမ်းကို ဟန့်တား နိုင်ခဲ့ပြီ ဖြစ်လို့ အခုအခါမှာ အမေရိကန် အနေနဲ့ “အလုပ်အပြီးသတ်တဲ့ အဆင့်” ကို ရောက်နေပြီလို့လည်း ထရမ့်က ပြောကြားခဲ့ပါတယ်။

အခုဆိုရင် အီရန်ရဲ့ ကောင်းကင်ယံကို အမေရိကန်က လွှမ်းမိုးထားနိုင်ပြီ ဖြစ်သလို အီရန်ရဲ့ ထိပ်တန်း နိုင်ငံရေးနဲ့ စစ်ဘက် ခေါင်းဆောင် အများအပြားကို ရှင်းလင်းနိုင်ခဲ့တာကြောင့် အစိုးရ အပြောင်းအလဲကိုလည်း ဖော်ဆောင်နိုင်ခဲ့ပြီလို့ ထရမ့်က အခိုင်အမာ ပြောဆိုပါတယ်။

တီဟီရန်ရဲ့ ခေါင်းဆောင်သစ်တွေဟာ အရင်လူတွေနဲ့ ယှဉ်ရင် အစွန်းရောက်မှု အလွန်နည်းပါးပြီး ပိုပြီးတော့လည်း ဆင်ခြင်တုံတရားရှိကြတယ် လို့ သူက ဖော်ပြပါတယ်။

ဒါ့အပြင် အီရန်ခေါ င်းဆောင်တွေဟာ စစ်ပွဲကို အဆုံးသတ်ဖို့ အမေရိကန်နဲ့ သဘောတူညီချက်ရဖို့ တောင်းပန်နေကြတယ် လို့လည်း ထရမ့်က ပြောပါတယ်။

ဒါပေမဲ့ ဒီပြောဆိုချက်ကိုတော့ အီရန်ဘက်က အရင်ကတည်းက ငြင်းဆိုထားတာပါ။

နှစ်ဘက်ကြား ဘာ သဘောတူညီချက်မှ မရရှိခဲ့ရင်တောင် ဒီစစ်ပွဲက ပြီးဆုံးသွားနိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်ပွဲကြောင့် မြင့်တက်နေတဲ့ လောင်စာဆီ စျေးနှုန်းတွေနဲ့ ပတ်သက်လို့တော့ အမေရိကန်ရဲ့ စစ်ရေး အရ ဆောင်ရွက်မှုတွေ ရပ်ဆိုင်း လိုက်တာနဲ့ တပြိုင်နက် ဆီစျေးနှုန်းတွေ ပြန်ကျသွားလိမ့်မယ်လို့ သမ္မတက ပြောကြားခဲ့ပါတယ်။

—————————

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version