THN Public Media Blog သတင်း နိုင်ငံတကာ ပျောက်ဆုံးနေတဲ့ အမေရိကန် တိုက်လေယာဥ်မှူး ကို အီရန် နဲ့ အမေရိကန် အပြိုင် ရှာဖွေနေ
နိုင်ငံတကာ နိုင်ငံရေး

ပျောက်ဆုံးနေတဲ့ အမေရိကန် တိုက်လေယာဥ်မှူး ကို အီရန် နဲ့ အမေရိကန် အပြိုင် ရှာဖွေနေ

ဧပြီ ၄ – ၂၀၂၆

အီရန်နိုင်ငံအတွင်းမှာ ပစ်ချခံလိုက်ရတဲ့ အမေရိကန် F-15 ဂျက်ဖိုက်တာ က ပျောက်ဆုံးနေတဲ့ တိုက်လေယာဉ်မှူးကို အီရန် နဲ့ အမေရိကန် နှစ်ဘက်စလုံးက အပူတပြင်း ရှာဖွေနေပါတယ်။

လေယာဉ်မှူးကို ဘယ်သူအရင်တွေ့မလဲ ဆိုတဲ့ ပြိုင်ပွဲဟာ အရှိန်မြင့် နေဆဲဖြစ်ပြီး အီရန်နိုင်ငံထဲက ရွှေ့ပြောင်းနေထိုင်သူ လက်နက်ကိုင် တွေကလည်း ဒီရှာဖွေရေးမှာ ပါဝင်လာကြတာပါ။

ပြီးခဲ့တဲ့ သောကြာနေ့တုန်း ကတော့ အီရန်လေပိုင်နက်အတွင်းမှာ အမေရိကန် F-15 တိုက်လေယာဉ်တစ်စီးကို အီရန်ဘက်က ပစ်ချခဲ့တာ ဖြစ်ပြီး ဒါဟာ အခုစစ်ပွဲအတွင်း အီရန်နယ်နိမိတ်ထဲမှာ အမေရိကန် ဘက်က ပထမဆုံးအကြိမ် လေယာဉ်တစ်စီး ဆုံးရှုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

လေယာဉ်ပေါ် ပါလာတဲ့ လေယာဥ်မှူး နှစ်ဦး စလုံးဟာ လေယာဉ်ထဲ ကနေ အရေးပေါ် ခုန်ထွက်နိုင်ခဲ့ကြတာကြောင့် မြေပြင်ပေါ်မှာ ပိတ်မိနေတဲ့ အဲဒီ အမေရိကန် စစ်သည်တွေကို ရှာဖွေဖို့ အီရန်နဲ့ အမေရိကန်တို့အကြား ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာခဲ့ပါတယ်။

လေယာဥ်မှူး တဦးကိုတော့ ကယ်တင်နိုင်ခဲ့ပြီ ဖြစ်ပေမဲ့ နောက်တဦး လေယာဉ်မှူး ကတော့ အခုထိ ပျောက်ဆုံးနေဆဲပဲ ရှိပါသေးတယ်။

စနေနေ့မှာတော့ ဒေသခံ မျိုးနွယ်စုဝင်တွေနဲ့ ကျေးလက်နေ ပြည်သူတွေ ဟာ အမေရိကန် Black Hawk ရဟတ်ယာဉ် နှစ်စီးကို အမဲလိုက် ရိုင်ဖယ် သေနတ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြပါတယ်။

အီရန်လူမှုကွန်ရက်စာမျက်နှာတွေ ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တွေ ထဲမှာတော့ တောင်တန်းတွေကြားထဲမှာ ရိုင်ဖယ်သေနတ်တွေ ကိုင်ဆောင် ထားတဲ့ မျိုးနွယ်စုဝင် တစုက “စိတ်မပူကြပါနဲ့၊ ဘုရားသခင် အလိုရှိရင် ကျွန်တော်တို့ သူတို့ကို ရှာတွေ့မှာပါ” လို့ ပြောဆိုနေတာကို တွေ့မြင် ရပါတယ်။

လေယာဥ်မှူးတဦးကိုတော့ ရဟတ်ယာဉ်တွေနဲ့ အနိမ့်ပျံ တိုက်လေယာဉ် တွေ သုံးပြီး အန္တရာယ်များတဲ့ စစ်ဆင်ရေး တခု ကနေ အမေရိကန် တပ်ဖွဲ့တွေက ကယ်တင်နိုင်ခဲ့ပါတယ်။

အီရန်အစိုးရ ကတော့ ပျောက်နေတဲ့ လေယာဉ်မှူးကို အသက်ရှင်လျက် ဖမ်းဆီး ပေးနိုင်သူ ဘယ်သူ့ကို မဆို ဆုငွေ အမြောက်အမြား ပေးမယ်လို့ ကြေညာထားပါတယ်။

ဘာကြောင့်လဲဆိုတော့ အမေရိကန် လေယာဉ်မှူးကို ဖမ်းမိထားနိုင်မယ် ဆိုရင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ အမေရိကန်နဲ့ အစ္စရေးတို့ ဆီကနေ အခွင့်အရေးတွေ တောင်းဆိုဖို့ အတွက် အလွန်အဖိုးတန်တဲ့ အလျှော့ အတင်းလုပ်စရာ လက်နက်တခု ဖြစ်လာနိုင်လို့ပဲ ဖြစ်ပါတယ်။

Crd – The Telegraph

—————————

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version