THN Public Media Blog သတင်း နိုင်ငံတကာ ပစ်ချခံရတဲ့ လေယာဥ်က ပျောက်ဆုံးနေတဲ့ လေယာဥ်မှူးကို အမေရိကန် ပြန်ကယ်တင်နိုင်
နိုင်ငံတကာ နိုင်ငံရေး

ပစ်ချခံရတဲ့ လေယာဥ်က ပျောက်ဆုံးနေတဲ့ လေယာဥ်မှူးကို အမေရိကန် ပြန်ကယ်တင်နိုင်

ဧပြီ ၅ – ၂၀၂၆

အီရန်နိုင်ငံထဲမှာ ပစ်ချခံလိုက်ရတဲ့ အမေရိကန် F-15 လေယာဥ် က ပျောက်ဆုံးနေတဲ့ အမေရိကန် လေယာဥ်မှူးကို အမေရိကန် ဘက်က ဘေးကင်းလုံခြုံစွာ ကယ်တင်နိုင်ခဲ့ပြီဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က အတည်ပြုပြောကြားလိုက်ပါတယ်။

“ကျွန်တော်တို့ သူ့ကို ကယ်တင်နိုင်ခဲ့ပါပြီ။ မိဘပြည်သူတို့ခင်ဗျာ၊ ပြီးခဲ့တဲ့ နာရီပိုင်း အတွင်းမှာပဲ အမေရိကန် စစ်တပ်ဟာ အမေရိကန်သမိုင်းမှာ အန္တရာယ် အရှိဆုံး ရှာဖွေကယ်ဆယ်ရေး စစ်ဆင်ရေးတွေထဲက တခုကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်” လို့ ထရမ့်က သူ့ရဲ့ Truth Social လူမှုကွန်ရက်ကနေ မျှဝေလိုက်တာ ဖြစ်ပါတယ်။

အဲဒီလေသူရဲဟာ အလွန်လေးစားရတဲ့ ဗိုလ်မှူးကြီးတဦး ဖြစ်ပြီး ရန်သူတွေ ဝိုင်းရံနေတဲ့ အီရန်နိုင်ငံရဲ့ အန္တရာယ်များလှတဲ့ တောင်တန်းတွေကြားမှာ ပိတ်မိ နေခဲ့တာ ဖြစ်ပေမဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေ ကတော့ သူ့ရဲ့ တည်နေရာကို ၂၄ နာရီပတ်လုံး စောင့်ကြည့်နေခဲ့တာ ဖြစ်ကြောင်း ထရမ့်က ဆက်လက်ပြောကြားခဲ့ပါတယ်။

အခုဆိုရင်တော့ အဲဒီလေသူရဲဟာ ဘေးကင်းလုံခြုံစွာ ရှိနေပြီ လို့ ပြောရတဲ့ အတွက် သူကိုယ်တိုင်လည်း အရမ်းကို ဝမ်းသာပီတိဖြစ်ရတယ်လို့ ထရမ့်က အသိပေး ပြောကြားသွားခဲ့ပါတယ်။

လက်နက်စနစ် ထိန်းချုပ်ရေးအရာရှိလည်း ဖြစ်တဲ့ ဒီလေယာဥ်မှူးကို ကယ်တင်တဲ့ ဒီစစ်ဆင်ရေးမှာ အမေရိကန် တပ်ဖွဲ့ဝင် ရာပေါင်းများစွာနဲ့ တိုက်လေယာဉ် ဒါဇင်ပေါင်း များစွာ ပါဝင်ခဲ့တယ်လို့ CBS သတင်းဌာနက ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီကယ်ဆယ်ရေး လုပ်ငန်းစဉ် အောင်မြင်ဖို့အတွက် အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ CIA ကလည်း ရန်သူကို လှည့်စားတဲ့ စစ်ဆင်ရေး တခုကိုပါ ပူးတွဲလုပ်ဆောင်ခဲ့တယ်လို့ CBS က ဆိုပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက စတင်ခဲ့တဲ့ အလွန်အန္တရာယ်များလှတဲ့ ဒီကယ်ဆယ်ရေး စစ်ဆင်ရေးဟာ အခုတော့ အောင်မြင်စွာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

လေယာဉ်မှူး နောက်တဦး ကိုတော့ စောစောပိုင်းကတည်းက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ကြောင်း ထရမ့်က အတည်ပြုထားပါတယ်။

အမေရိကန်စစ်သည် တဦးကို အီရန်ဘက်က ဖမ်းဆီးပြီး ဝါဒဖြန့်ဖို့ အသုံးချခံရမယ့် အခြေအနေ ကနေ အခုလို ရှောင်လွှဲနိုင်ခဲ့တာကြောင့် ဒါဟာ ထရမ့် အတွက်တော့ စိတ်သက်သာရာရစရာ ဖြစ်လိမ့်မယ်လို့ ဒူဘိုင်း အခြေစိုက် သတင်းထောက်က သုံးသပ်ထားပါတယ်။

ref: bbc

—————————

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version