THN Public Media Blog သတင်း နိုင်ငံရေး မနက်ဖြန် ပြည်ထောင်စုလွှတ်တော်မှာ အစိုးရအဖွဲ့ဝန်ကြီးဌာန အရေအတွက်၊ တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်နဲ့ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် အမည်စာရင်းတွေ တင်သွင်းမယ်
နိုင်ငံရေး ပြည်တွင်း

မနက်ဖြန် ပြည်ထောင်စုလွှတ်တော်မှာ အစိုးရအဖွဲ့ဝန်ကြီးဌာန အရေအတွက်၊ တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်နဲ့ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် အမည်စာရင်းတွေ တင်သွင်းမယ်

ဧပြီ ၅ – ၂၀၂၆

စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲကနေ ပေါ်လာတဲ့ ပြည်ထောင်စု လွှတ်တော်မှာ မနက်ဖြန်ကျရင် သမ္မတ က ပြည်ထောင်စု အဆင့်

ရှေ့နေချုပ်၊ တရားသူကြီးချုပ်၊ ဝန်ကြီးဌာန အရေအတွက် နဲ့ ရွေးကောက်ပွဲ ကော်မရှင် စာရင်းတွေကို တင်ပြမှာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ နဲ့ အဖွဲ့ဝင် အမည် စာရင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ် အမည်စာရင်းကို တင်ပြမှာ ဖြစ်ပါတယ်။

အမည်စာရင်း တင်သွင်းရမှုကို ကန့်ကွက်လိုတဲ့ ကိုယ်စားလှယ်တွေရှိရင် အမည်စာရင်းတင်သွင်းရမယ့် အစီအစဥ်လည်း ပါရှိပါတယ်။

လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကော်မတီဖွဲ့စည်းတဲ့ကိစ္စရပ်ကို လွှတ်တော်ရဲ့ အတည်ပြုချက်ရယူပြီး ကော်မတီဖွဲ့စည်းကြောင်း ကြေငြာသွားမယ့် အစီအစဥ်တခုလည်း ပါရှိပါတယ်။

Crd – VOM

—————————

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version