THN Public Media Blog သတင်း နိုင်ငံရေး ဖိလစ်ပိုင်က မြန်မာကို ဆက်လက် ထိတွေ့ဆက်ဆံသွားမယ်လို့ပြော
နိုင်ငံရေး

ဖိလစ်ပိုင်က မြန်မာကို ဆက်လက် ထိတွေ့ဆက်ဆံသွားမယ်လို့ပြော

ဧပြီ ၅ – ၂၀၂၆

စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲကနေ စစ်တပ်ပါတီ ပြည်ခိုင်ဖြိုး နေရာအများစု အနိုင်ရ ပေါ်ပေါက်လာတဲ့ လွှတ်တော်ရဲ့ မဲခွဲဆုံးဖြတ်မှုက တဆင့် သမ္မတအဖြစ် ရွေးချယ်ခံလိုက်ရတဲ့ စစ်ဘက် ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာနိုင်ငံနဲ့ ဆက်လက် ထိတွေ့ ဆက်ဆံမှုတွေ ပြုလုပ်သွားသွားမယ်လို့ ဖိလစ်ပိုင် အစိုးရက ပြောကြား လိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ နောက်ဆုံးရ နိုင်ငံရေးဖြစ်ထွန်းမှုတွေ၊ အထူးသဖြင့် ဦးမင်းအောင်လှိုင် သမ္မတအဖြစ် ရွေးချယ်ခံရတာကို ဖိလစ်ပိုင်အနေနဲ့ မှတ်သားထားတယ်လို့ ဖိနစ်ပိုင်သမ္မတ နန်းတော်ပြန်ကြားရေးအရာရှိ Claire Castro က သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

“ဖိလစ်ပိုင်နိုင်ငံ အနေနဲ့ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး သံတမန် အဖြစ် တာဝန်ယူထားတဲ့ နိုင်ငံခြားရေးဝန်ကြီး Ma Theresa P. Lazaro ရော၊ သက်ဆိုင်ရာ သံရုံးတွေက တဆင့်ပါ မြန်မာနိုင်ငံက တာဝန်ရှိသူတွေ၊ သက်ဆိုင်သူတွေနဲ့ ဆက်လက် ထိတွေ့ ဆက်ဆံသွားမှာ ဖြစ်ပါတယ်” လို့ Castro က ဆိုပါတယ်။

အာဆီယံ အဖွဲ့ကြီးဟာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ အားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲတွေလုပ်ဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ တွေပေးဖို့နဲ့ အထူးသံတမန် ခန့်အပ်ဖို့ဆိုတဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်က တဆင့် မြန်မာ့အရေးကို ကြားဝင်ဖြေရှင်းဖို့ ကြိုးပမ်းနေတာပါ။

ဖိလစ်ပိုင်အနေနဲ့ အာဆီယံရဲ့ စုပေါင်းကြိုးပမ်းမှုတွေကို ဆက်လက် ထောက်ခံ သွားမှာဖြစ်ပြီး အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို “အပြည့်အဝနဲ့ ထိထိရောက်ရောက်” အကောင်အထည်ဖော်နိုင်ဖို့ အရှိန်အဟုန်သစ်နဲ့ ဆောင်ရွက်သွားဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်သွားဖို့နဲ့ ပြည်သူတွေဆီ လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့နိုင်ဖို့ ဖိလစ်ပိုင်က မျှော်လင့် နေတာဖြစ်ပါတယ်။

ref: Bernama-PNA

—————————

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version