ISREAL

War နိုင်ငံတကာ

ဟူသီတွေက အစ္စရေးကို ဒုံးကျည်နဲ့ စတိုက်ပြီ

မတ်လ ၂၈ – ၂၀၂၆ အီရန် စစ်ပွဲ ၂ လထဲ ရောက်လာချိန်မှာတော့ ယီမင်နိုင်ငံမှာ ရှိတဲ့ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေကနေ အစ္စရေးကို ဒုံးကျည်နဲ့ စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ အီရန် စစ်ပွဲ စတင် ကတည်းက အစ္စရေးကို ပထမဆုံးအကြိမ်အဖြစ် ဟူသီ တို့က ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်လိုက်တာလည်း ပါတယ်။ ယီမင်ကလာတဲ့ ဒုံးကျည်တစင်းကို ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ အစ္စရေးဘက်က ပြောကြားပြီးနောက်မှာ ဟူသီအဖွဲ့က ‘’အစ္စရေးရဲ့ အရေးကြီး စစ်ရေးပစ်မှတ်တွေ” ကို ပဲ့ထိန်း ဒုံးကျည် အမြောက်အမြားနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ အီရန်၊ လက်ဘနွန်၊ အီရတ်နဲ့ ပါလက်စတိုင်း နယ်မြေတွေကို ပစ်မှတ် ထား

Read More
နိုင်ငံတကာ နိုင်ငံရေး

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ရဲ့ ရေတပ်ဗိုလ်ချုပ်ကို သုတ်သင် လိုက်ပြီလို့ အစ္စရေးက ကြေညာ

မတ်လ ၂၆ – ၂၀၂၆ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ရဲ့ ရေတပ် တပ်မှူး Alireza Tangsiri ကို သတ်ဖြတ်လိုက်ပြီလို့ အစ္စရေးက ပြောကြားလိုက်ပါတယ်။ Alireza Tangsiri ဟာ ဟော်မုဇ်ရေလက်ကြားကို ဗုံးကြဲတာနဲ့ ပိတ်ဆို့တာ မျိုးလို အကြမ်းဖက် လုပ်ရပ်တွေ အတွက် တိုက်ရိုက် တာဝန်ရှိသူဖြစ်ပြီး အခုတော့ ပေါက်ကွဲမှုအတွင်း သေဆုံးသွားပြီ လို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီး Israel Katz က ပြောပါတယ်။ ဒါ့အပြင် တခြား ရေတပ်က အဆင့်မြင့်အရာရှိကြီး အတော်များများ ကိုလည်း သုတ်သင် နိုင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အီရန်ဘက်ကတော့ တစုံတရာ တုံ့ပြန်ခြင်း မရှိသေးပါ။ Alireza Tangsiri

Read More
War နိုင်ငံတကာ

အစ္စရေးနဲ့ အီရန် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်၊ အိမ်ဖြူတော်ကတော့ ဆွေးနွေးမှု မရေရာသေးဘူးလို့ပြော

မတ်လ ၂၄ – ၂၀၂၆ အီရန်နဲ့ အစ္စရေးတို့ အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ရှိ နေပြီး အမေရိကန် ကတော့ တီဟီရန်နဲ့ ဆွေးနွေးပွဲပြုလုပ်မယ့် အစီအစဉ် တွေဟာ ပြောင်းလဲနိုင်ခြေရှိတယ်လို့ ပြောကြားလိုက်ပါတယ်။ အီရန်မြို့တော်နဲ့ ဘာရိန်းနိုင်ငံတို့မှာ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတဲ့ အသံတွေကို ကြားနေရပြီး အစ္စရေးက လက်ဘနွန်တောင်ပိုင်းက နေထိုင် သူတွေ အနေနဲ့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ဖို့ သတိပေးချက် ထုတ်ပြန် ထားပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ ဖုန်း စကားပြောပြီးနောက် အီရန် နဲ့ လက်ဘနွန် တို့ကို ဆက်လက် တိုက်ခိုက်သွားမယ်လို့ တနင်္လာနေ့ညက ပြောကြားခဲ့ပြီးနောက် အခုလို တိုက်ခိုက်မှု ပေါ်ပေါက်လာတာ

Read More
နိုင်ငံတကာ

အီရန်ဒုံးကျည်တွေ လန်ဒန်အထိ ရောက်နိုင်လား

မတ်လ ၂၃ – ၂၀၂၆ မနေ့ညနေပိုင်းက အစ္စရေးစစ်တပ် IDF ရဲ့ ပြောကြားချက်အရ အီရန်မှာ အခု ဆိုရင် လန်ဒန်၊ ပါရီ ဒါမှမဟုတ် ဘာလင်မြို့တွေ အထိ ရောက်နိုင်တဲ့ ဒုံးကျည်တွေ ရှိနေပြီလို့ သိရပါတယ်။ အီရန် တောင်ပိုင်း ကမ်းရိုးတန်း ကနေ မိုင်ပေါင်း ၂၃၅၀ ခန့်အကွာမှာရှိတဲ့ အမေရိကန်-ဗြိတိန် ပူးတွဲ စစ်အခြေစိုက်စခန်း ဒီယေဂို ဂါစီယာ Diego Garcia ကျွန်းကို အီရန်က ပဲ့ထိန်း ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ X လူမှုကွန်ရက် စာမျက်နှာမှာ မျှဝေခဲ့တဲ့နောက် အခုလို ပြောကြားချက် ထွက်ပေါ်လာတာပါ။ အီရန်ရဲ့ ပစ်ခတ်မှုကတော့ အောင်မြင်မှု မရှိခဲ့ပါ။ တကယ်လို့ အီရန်ဒုံးကျည်တစင်းဟာ လန်ဒန်မြို့ကို

Read More
အင်တာဗျူး

အီရန်စစ်ပွဲ နဲ့ ဟော်မုဇ်ရေလက်ကြား အရှုံးအနိုင် အဖြေထွက်မလား ပညာရှင် အဆင့် သုံးသပ်ချက် – ဒေါက်တာမင်းဇော်ဦး

” ဒီလိုအကန့်အသတ်နဲ့ တုန့်ပြန်နိုင်တုန်းမှာ ဦးချိုးထားဆိုတဲ့… အစိုးရပါ ပြောင်းသွားအောင် လုပ်ပစ်လိုက်ဆိုတဲ့…’’ ‘’အဲဒီအတွက် ပေးဆပ်ရမယ့် ကုန်ကျစရိတ်က… ကမ္ဘာ့စီးပွားရေး တခုလုံးကို ရိုက်ခတ်အောင်လုပ်မယ်ဆိုတဲ့…’’ ‘’နွံထဲတိုးတဲ့ကျားကို နွံပိုနစ်အောင်… လုပ်တဲ့…’’ ဒေါက်တာမင်းဇော်ဦး (နိုင်ငံတကာလုံခြုံရေး လေ့လာသုံးသပ်သူ) ———- အီရန်ကို နျူကလီးယား လက်နက်မရှိစေရေး နဲ့ အာဏာရှင် အစိုးရ အပြေင်းအလဲအတွက် အမေရိကန်နဲ့ အစ္စရေးတို့က တိုက်ခိုက်ခဲ့မှု ဟာ သီတင်းပတ် ၄ ပတ်ထဲရောက်ရှိလာပေမယ့် အရှုံးအနိုင် အဖြေမထွက်နိုင်ပဲ ဖြစ်နေပါတယ်။ ဒီစစ်ပွဲရဲ့ သက်ရောက်မှုဟာ တကမ္ဘာလုံး ရေနံစျေးတွေ တက်ပြီး ကမ္ဘာလုံး ဆိုင်ရာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ဒီတော့ အီရန်စစ်ပွဲ ဘယ်လို အဆုံးသတ်မှာလဲ… အရှုံးအနိုင် အဖြေပေါ်မှာလား… အမေရိကန် အစ္စရေးတို့

Read More
နိုင်ငံတကာ သတင်း

ထရမ့်ရဲ့ ရာဇသံ ကို အီရန်တုန့်ပြန် – ပင်လယ်ကွေ့ ဒေသက အမေရိကန် နဲ့ ဆက်နွယ်နေတဲ့ စွမ်းအင်နေရာတွေကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်

မတ်လ ၂၂ – ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ၄၈ နာရီ ရာဇသံ ကို အီရန် ဘက်က လည်း ပင်လယ်ကွေ့ ဒေသတွင်းက အမေရိကန်နဲ့ ဆက်နွှယ်နေတဲ့ စွမ်းအင် ကဏ္ဍ တွေကို အပြီးတိုင် ဖျက်ဆီးပစ်မယ်လို့ ပြန်လည် ခြိမ်းခြောက် ပြောဆို လိုက်ပါတယ်။ အီရန်ပါလီမန် ဥက္ကဋ္ဌ Mohammad-Bagher Ghalibaf က တကယ်လို့ အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်ရဲ့ လျှပ်စစ်ဓာတ်အား ပေးစက်ရုံ တွေကို ပစ်မှတ်ထား တိုက်ခိုက်လာမယ် ဆိုရင် ပင်လယ်ကွေ့ဒေသ တစ်လျှောက် မှာ ရှိတဲ့ အရေးပါတဲ့ အခြေခံ အဆောက်အအုံတွေကို ပြန်လည် ပြုပြင်လို့ မရနိုင်အောင် အပြီးတိုင် ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက် ပြောဆို

Read More
နိုင်ငံတကာ သတင်း

အစ္စရေးတောင်ပိုင်း Dimona မြို့နားက နျူကလီးယား စခန်းကို အီရန်က ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်

မတ်လ ၂၂ – ၂၀၂၆ အစ္စရေးတောင်ပိုင်း ဒီမိုနာ Dimona မြို့နားက နျူကလီးယား သုတေသန ဌာန အနီးကို အီရန်က ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက် ခဲ့ပါတယ်။ အီရန်ဒုံးကျည်ဟာ နျူကလီးယား ဌာန အနီး ထိမှန်မှု ဖြစ်ပွားခဲ့ပေမဲ့ သုတေသနဌာန ပျက်စီးသွားတာမျိုး မရှိဘူးလို့ အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင်အေဂျင်စီ IAEA က ပြောပါတယ်။ အီရန်နိုင်ငံပိုင်ရုပ်သံ ကတော့ ဒီတိုက်ခိုက်မှုဟာ စနေနေ့ အစောပိုင်းက အီရန်ရဲ့ နာတန့်ဇ် နျူကလီးယား စခန်း တိုက်ခိုက်ခံရမှုကို တုံ့ပြန်တာ ဖြစ်တယ်လို့ ထုတ်လွှင့်ခဲ့ပါတယ်။ နာတန့်ဇ်ဖြစ်စဉ်မှာလည်း ဘေးပတ်ဝန်းကျင်ကို ရေဒီယိုသတ္တိကြွမှု ပျံ့နှံ့တာမျိုး မရှိဘူးလို့ IAEA က အတည်ပြုထားပြီး ညွှန်ကြားရေးမှူးချုပ် ကတော့

Read More
နိုင်ငံတကာ

“နိုင်ငံအချို့က ကြားဝင်ညှိနိုင်ဖို့ ကြိုးပမ်းမှုတွေ စတင်နေပြီ” လို့ အီရန်သမ္မတ ပြော

မတ်လ ၆ – ၂၀၂၆ အီရန်သမ္မတ Masoud Pezeshkian က “နိုင်ငံတချို့က ကြားဝင်ညှိနိုင်ဖို့ ကြိုးပမ်းမှုတွေ စတင်နေပြီ” လို့ လူမှုကွန်ရက်မှာ ရေးသားဖေါ်ပြ လိုက်ပြီး ဘယ်နိုင်ငံတွေ ဖြစ်တယ်ဆိုတာကိုတော့ အတိအကျ ထုတ်ဖော် ပြောဆို ခြင်း မရှိပါ။ “ကျွန်တော်တို့ အနေနဲ့ ဒေသတွင်းမှာ တည်မြဲတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ သန္နိဋ္ဌာန်ချထားပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့ အတွက်ဆိုရင်တော့ နောက်တွန့် နေမှာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောပါရစေ” လို့လည်း သူက ဆိုပါတယ်။ ” ကြားဝင် ညှိနှိုင်းရေး လုပ်ဆောင်မယ်သူတွေ အနေနဲ့ အီရန် ပြည်သူတွေ ကို အထင်သေးပြီး ဒီပဋိပက္ခကို

Read More
နိုင်ငံတကာ

အီရန်စစ်ပွဲ Day 6 – အီရန်မြို့တော်တဝန်း ပေါက်ကွဲမှုပြင်းထန်၊ အမေရိကန် သင်္ဘောကို အီရန်က တိုက်ခိုက် နိုင်ခဲ့တယ်လို့ဆို

မတ်လ ၅ – ၂၀၂၆ ၆ ရက်ကြာ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားတဲ့ အီရန်မြို့တော် တီဟီရန်ရဲ့ ပုံသစ်တွေ ထွက်ပေါ်လာပြီး၊ မြို့တော်တဝန်းမှာလည်း ပေါက်ကွဲမှု တွေကို မြင်တွေ့နေရပါတယ်။ အစ္စရေးနိုင်ငံ မှာတော့ အီရန်ဘက်က တိုက်ခိုက်မှုအသစ်တွေ ရှိနေ ကြောင်း စစ်တပ်က သတင်းထုတ်ပြန်ထားပြီး ကောင်းကင်ယံမှာ ပေါက်ကွဲမှုတွေကို မြင်တွေ့နေရပါတယ်။ အီရန်နိုင်ငံဘက် ကနေ အစ္စရေးဆီ ဦးတည် ပစ်ခတ်လိုက်တဲ့ နောက်ထပ် ဒုံးကျည် အသစ်တွေကို ထပ်မံ စမ်းသပ်တွေ့ရှိထားကြောင်း အစ္စရေး စစ်တပ် IDF က ပြောကြားလိုက်ပါတယ်။ အီရန်ဘက်က ဒုံးကျည်တွေနဲ့ တရစပ် တုံ့ပြန်နေတာကြောင့် အစ္စရေးရဲ့ Iron Dome လိုမျိုး ကာကွယ်ရေး စနစ်တွေ ဘယ်လောက်အထိ တောင့်ခံ နိုင်မလဲ

Read More
နိုင်ငံတကာ

ဟားမတ်စ်တို့ဟာ အစ္စ‌ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်တယ်ဆိုပြီး အစ္စရေးက ဂါဇာကို ဗုံးပြန်ကြဲ

အောက်တိုဘာ ၁၉ – ၂၀၂၅ “အကြမ်းဖက်သမားတွေက IDF အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေကို တင့်ကား ဖျက်ဒုံးနဲ့ ပစ်ခတ်ခဲ့ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်’’ လို့ အစ္စရေးက ပြောကြားလိုက်ပြီးနောက် ဂါဇာတောင်ပိုင်းကို လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဂါဇာ တောင်ပိုင်းမြို့ Rafah ရာဖာ မြို့မှာ အစ္စရေးတပ်ဖွဲ့ ပစ်ခတ်ခံရတာ ဖြစ်ပြီး ဒါဟာ “အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ထင်ရှားစွာ ချိုးဖောက်တာ” ဖြစ်တယ်လို့ အစ္စရေး ဘက်က ပြောကြားလိုက်ပြီး ပြင်းထန်စွာ တုံ့ပြန်မယ်လို့ အလေးအနက် ပြောဆိုပါတယ်။ ဟားမတ်စ် တို့ကတော့ ‘’ရာဖာ ဒေသဟာ (အစ္စရေး) သိမ်းပိုက်ထားတဲ့ ထိန်းချုပ်မှုမှာ ရှိပြီး အန္တရာယ်ဇုန်တွေ ဖြစ်တာကြောင့် အဲဒီမှာ ဖြစ်ပွား ခဲ့တဲ့ ဖြစ်ရပ် ဒါမှမဟုတ်

Read More