THN Public Media Blog အင်တာဗျူး ကျွန်မနိုင်ငံကျွန်မလူမျိုးကို ချစ်တယ်” တသီးပုဂ္ဂလ ကိုယ်စားလှယ်‌လောင်း ဒေါ်စန္ဒာမင်းနဲ့ မေးမြန်းခန်း
အင်တာဗျူး

ကျွန်မနိုင်ငံကျွန်မလူမျိုးကို ချစ်တယ်” တသီးပုဂ္ဂလ ကိုယ်စားလှယ်‌လောင်း ဒေါ်စန္ဒာမင်းနဲ့ မေးမြန်းခန်း

‘’ကျွန်မတိုင်းပြည် ကိစ္စတွေကို ထဲထဲဝင်ဝင် ဆောင်ရွက်ချင်တယ်…’’
‘’ကျွန်မကို ဝေဖန်နေတာတွေကို ကျေးဇူးတင်တယ်… စိတ်မဆိုးဘူး.. ဂရုတစိုက်နားထောင်တယ်…’’

ဒေါ်စန္ဒာမင်း (တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း)

စစ်ကော်မရှင်က ဒီဇင်ဘာ ကျင်းပမယ့် ရွေးကောက်ပွဲကို NLD ဗဟိုကော်မတီ‌ဟောင်း/အမတ်ဟောင်း ဒေါ်စန္ဒာမင်း က ရန်ကုန် လသာမြို့နယ် ကနေ တသီးပုဂ္ဂလ အနေနဲ့ ဝင်ရောက်ယှဥ်ပြိုင် မှာ ဖြစ်ပါတယ်။

ဒေါ်စန္ဒာမင်းဟာ NLD မရှိတဲ့အတွက် NDF ပါတီက ဝင်ရောက် ယှဥ်ပြိုင်ဖို့ ကြိုးစားခဲ့ပေမယ့် NDF ပါတီ ဖျက်သိမ်း ခံလိုက်ရတာကြောင့် အခုလို တသီးပုဂ္ဂလ ဝင်ရောက်ယှဥ်ပြိုင်ဖို့ ဖြစ်လာရတာပါ။

ဝေဖန်သူတွေကတော့ ဒေါ်စန္ဒာမင်းဟာ အမတ်အရမ်း ဖြစ်ချင်နေတာ လို့ ပြောဆိုနေကြပါတယ်။

တော်လှန်ရေး အင်အားစုတွေကတော့ ဒီရွေးကောက်ပွဲကို အတုအယောင် ဆိုပြီး ကန့်ကွက် ဆန့်ကျင်နေကာ၊ နိုင်ငံတကာကလည်း နိုင်ငံ‌ရေးအရ အရင် ဆွေးနွေးဖို့ အားလုံးပါဝင်နိုင်ဖို့ တိုက်တွန်းနေကြပါတယ်။

တိုင်းပြည်မှာစစ်ရေး ပဋိပက္ခတွေ ကလည်း ပြင်းထန် နေတဲ့ အခုလို အချိန်မှာ ငြိမ်းချမ်းရေး အတွက် အရင် မကြိုစားပဲ အခုလို ရွေးကောက်ပွဲ လုပ်တာ၊ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်တာဟာ နိုင်ငံ အတွက် အဖြေ ဖြစ်နိုင်ပါရဲ့လား…။

စတဲ့ အခြေအနေတွေ အောက်မှာ ဒေါ်စန္ဒာမင်း ဘာကြောင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်တာလဲ….
ဘာတွေကို မျှော်လင့်ထားတာပါလဲ…
ပြည်သူတွေကရော မဲပေးကြမှာလား….
ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ကို ပစ်ပယ်ရာ မရောက်ဖူးလား…
အနိုင်ရရင် လွှတ်တော်မှာ ဘာတွေ ဆောင်ရွက်မလဲ…
ဒီရွေးကောက်ပွဲက တိုင်းပြည် ပဋိပက္ခတွေကို ဘယ်လို ဖြေရှင်းနိုင်မလဲ…
ပြည်ခိုင်ဖြိုးက မပြိုင်ခင်ကတည်းက ၂၈ နေရာ အနိုင်ရနေပြီး၊ ပြည်ခိုင်ဖြိုး ကသာ အနိုင်ရ အစိုးရဖွဲ့နိုင်မှာ ထင်ရှားနေတဲ့ ရွေးကောက်ပွဲကို တခြား ဝင်ရောက်ယှဥ်ပြိုင်သူတွေဟာ အိမ်ဖြည့်ပဲ ဖြစ်မှာကို ထည့်မတွက်ဘူးလား…

စသဖြင့် ဒေါ်စန္ဒာမင်းကို အသေအချာ မေးမြန်း တင်ဆက်ထားပါတယ်။

THN Public Media

ကျွန်မနိုင်ငံကျွန်မလူမျိုးကို ချစ်တယ်'' တသီးပုဂ္ဂလ ကိုယ်စားလှယ်‌လောင်း ဒေါ်စန္ဒာမင်းနဲ့ မေးမြန်းခန်း

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version