THN Public Media Blog မိုးလေဝသ ဟာရီကိန်း မဲလီဆာ ဂျမေကာ ကုန်တွင်းပိုင်းကို တနာရီ ၁၅၀ မိုင်နှုန်းနဲ့ ဝင်ရောက် တိုက်ခတ်
မိုးလေဝသ

ဟာရီကိန်း မဲလီဆာ ဂျမေကာ ကုန်တွင်းပိုင်းကို တနာရီ ၁၅၀ မိုင်နှုန်းနဲ့ ဝင်ရောက် တိုက်ခတ်

အောက်တိုဘာ ၂၈ – ၂၀၂၅

ခေတ်သစ်သမိုင်းမှာ ကာရစ်ဘီယံနိုင်ငံ ဂျမေကာကို ဝင်ရောက်ဖူးသမျှထဲ အပြင်းထန်ဆုံး မုန်တိုင်းဖြစ်တဲ့ ဟာရီကိန်း မဲလီဆာ ဟာ ဂျမေကာ အနောက်တောင်ပိုင်း ကုန်းတွင်းကို ဝင်ရောက်တိုက်ခတ် နေပြီ ဖြစ်ပါ တယ်။

အရင် တနာရီ ၁၈၅ မိုင် ကျော်နှုန်းနဲ့ ကမ်းရိုးတန်းကို တိုက်ခတ် ခဲ့ပြီးနောက်၊ လက်ရှိမှာ မုန်တိုင်းဟာ အဆင့် ၄ သို့ ရောက်ရှိသွားပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၅၀ မိုင် ဖြစ်နေပါတယ်။

ကမ်းရိုးတန်းမှာ ရေလှိုင်း အမြင့်ပေ ၁၃ ပေ ကျော် မုန်တိုင်း ဒီရေလှိုင်းတွေ နဲ့ အတူ ကြီးမားပြင်းထန်တဲ့ လှိုင်းလုံးကြီးတွေ ဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

ဂျမေကာ စွမ်းအင်ဝန်ကြီး Daryl Vaz ရဲ့ ပြောကြားချက်အရ ကျွန်းရဲ့ သုံးပုံတပုံခန့် မှာ လျှပ်စစ် ဓာတ်အား ပြတ်တောက်နေ ပြီး မိုးလေဝသ ပညာရှင်တဦးကတော့ အခြေအနေတွေ “သိသိသာသာ ပိုဆိုးလာမယ်” လို့ သတိပေး ပြောကြားထားပါတယ်။

ဂျမေကာ အမျိုးသားတဦးက “လေတွေက အရမ်းပြင်းလွန်းလို့ မတ်တပ်တောင် ရပ်နိုင်မှာ မဟုတ်ဘူး” ဟု ပြောကြားခဲ့ပြီး၊ အမျိုးသမီးတဦး ကလည်း “ကျွန်မရဲ့ အိမ်ခေါင်မိုး ကနေ ရေတွေ ဝင်လာနေတယ် ကျွန်မ အခြေအနေ မကောင်းဘူး” လို့ ဆိုပါတယ်။

ref: bbc

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version