THN Public Media Blog သတင်း နိုင်ငံတကာ “ကျွန်ုပ်တော်တို့နိုင်ငံတော် ပြန်လာပြီ” လို့ ထရမ့် နိုင်ငံတော်အခြေပြ မိန့်ခွန်း ပြောကြား
နိုင်ငံတကာ

“ကျွန်ုပ်တော်တို့နိုင်ငံတော် ပြန်လာပြီ” လို့ ထရမ့် နိုင်ငံတော်အခြေပြ မိန့်ခွန်း ပြောကြား

WASHINGTON, DC - FEBRUARY 24: U.S. President Donald Trump delivers the State of the Union address during a joint session of Congress in the House Chamber at the Capitol on February 24, 2026 in Washington, DC. Trump delivered his address days after the Supreme Court struck down the administration's tariff strategy, and amid a U.S. military buildup in the Persian Gulf threatening Iran. (Photo by Kenny Holston-Pool/Getty Images

ဖေဖေါ်ဝါရီ ၂၅ – ၂၀၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က “ကျွန်ုပ်တော်တို့နိုင်ငံတော် ပြန်လာပြီ” လို့ အစချီပြီး လွှတ်တော်မှာ နိုင်ငံတော်အခြေပြ မိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။

နှစ်စဉ် ပြောကြားမြဲဖြစ်တဲ့ ဒီ နိုင်ငံတော်အခြေပြ မိန့်ခွန်းမှာ ထရမ့်က စီးပွားရေး မူဝါဒတွေကို အသားပေး ပြောကြားခဲ့ပြီး အိမ်ဖြူတော်ကို ပြန်ရောက်တဲ့ ပထမ တနှစ်အတွင်းမှာ ခေတ်နဲ့အညီ ကြီးမားတဲ့ “အလှည့်အပြောင်း” တွေကို သူကိုယ်တိုင် ကြီးကြပ် လုပ်ဆောင် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လူထုစစ်တမ်းတွေ အရ အမေရိကန်ပြည်သူတွေဟာ သူရဲ့ မူဝါဒတွေ အပေါ် စိတ်ပျက် နေကြတာကြောင့် နိုဝင်ဘာလမှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေ သူ့ဘက်မှာ ဆက်ရှိ နေအောင် ဆွဲဆောင်ဖို့ ထရမ့်က ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ဒီအခမ်းအနားကို ထရမ့်ရဲ့ သားသမီး အားလုံး၊ သမ္မတကတော် မက်လနီယာ ထရမ့်နဲ့ တရားရုံးချုပ် တရားသူကြီး ၄ ဦးတို့ တက်ရောက်ခဲ့ကြ ပါတယ်။

အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရခဲ့တဲ့ အမေရိကန် အမျိုးသားဟော်ကီ အသင်းသားတွေ ကို ထရမ့်က ခန်းမထဲ ခေါ်လိုက်ပြီး ဂိုးသမား ကို Presidential Medal of Freedom (လွတ်လပ်ရေးဆိုင်ရာ သမ္မတ ဂုဏ်ထူးဆောင် တံဆိပ်) ချီးမြှင့်ဖို့ အစီအစဉ် ရှိတယ်လို့ ပြောပါတယ်။

နယ်စပ် လူဝင်မှုကြီးကြပ်ရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ထရမ့် ဒီမိုကရက်တွေ ဟာ ရှက်ဖို့ကောင်းတယ်လို့ ပြောကြားရာမှာ ဒီမိုကရက် အမတ် တချို့က အော်ဟစ် ကန့်ကွက်ခဲ့ကြပါတယ်။

သမ္မတကို ဆန့်ကျင်ကန့်ကွက် နေတဲ့ တက္ကဆက်ပြည်နယ် ဒီမိုကရက်တစ် လွှတ်တော်အမတ် Al Green ကိုတော့ ထရမ့် မိန့်ခွန်း မပြောခင်လေးမှာပဲ ခေါ်ထုတ်သွားခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version