THN Public Media Blog သတင်း နိုင်ငံရေး ကြိုတင်ကန့်သတ်ချက်တွေ မထားဘဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်သွားမယ်လို့ NSPNC ဖိတ်ခေါ်
နိုင်ငံရေး

ကြိုတင်ကန့်သတ်ချက်တွေ မထားဘဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်သွားမယ်လို့ NSPNC ဖိတ်ခေါ်

ဧပြီ ၂၁ – ၂၀၂၆

ကြိုတင်ကန့်သတ်ချက်တွေ မထားဘဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ် သွားမယ်လို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု NSPNC ဗဟိုကော်မတီ က EAO တွေကို ဖိတ်ခေါ် လိုက်ပါတယ်။

NCA ထိုးထားသည်ဖြစ်စေ မထိုးသည်ဖြစ်စေ EAO တွေ အနေနဲ့ ဒီကနေ့က စပြီး ဇူလိုင်လ ၃၁ ရက်နေ့ အထိ ဖိတ်ခေါ်မှုကို အသိအမှတ်ပြု ဆွေးနွေးကြဖို့ ဖေါ်ပြထားပါတယ်။

ဆွေးနွေးပွဲ ဖြစ်မြောက်ရေး အတွက် သက်ဆိုင်ရာ အသင်းအဖွဲ့တွေ Stakeholder တွေကလည်း ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

နိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ နဲ့ နိုင်ငံရေး ပြဿနာတွေ ကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ အထူးလိုအပ်တယ်လို့လည်း ဖေါ်ပြထား ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version