THN Public Media Blog သတင်း နိုင်ငံတကာ ကွန်ဂရက်လွှတ်တော်မှာ ပြောကြားတဲ့ ဗြိတိသျှ ချားလ်စ်ဘုရင်ရဲ့ မိန့်ခွန်း၊ နေတိုး မဟာမိတ်အပေါ် အလေးထား
နိုင်ငံတကာ

ကွန်ဂရက်လွှတ်တော်မှာ ပြောကြားတဲ့ ဗြိတိသျှ ချားလ်စ်ဘုရင်ရဲ့ မိန့်ခွန်း၊ နေတိုး မဟာမိတ်အပေါ် အလေးထား

US Vice President JD Vance, from left, King Charles III, US House Speaker Mike Johnson, a Republican from Louisiana, and Queen Camilla during a joint address to Congress in the House Chamber at the US Capitol in Washington, DC, US, on Tuesday, April 28, 2026. The long-planned event is intended to mark the 250th anniversary of the US's independence from Britain, though its diplomatic mission has taken on new urgency amid Trump's recent feud with Prime Minister Keir Starmer over the UK's limited support for U

ဧပြီ ၂၉ – ၂၀၂၆

ဗြိတိသျှ ချားလ်စ်ဘုရင်ရဲ့ အမေရိကန် ခရီးစဉ်ဟာ အမေရိကန်ရဲ့ နှစ် ၂၅၀ ပြည့် နှစ်ပတ်လည်၊ ဗြိတိန်နဲ့ အမေရိကန်ကြားက ခိုင်မြဲတဲ့ ဆက်ဆံရေးနဲ့ နှစ်နိုင် ငံကြားက ထူးခြားတဲ့ မဟာမိတ် ဆက်ဆံရေးကို ဂုဏ်ပြုဖို့ ရည်ရွယ်ခဲ့ တာပါ။

ဒါပေမဲ့ တဘက်မှာလည်း ဒီခရီးစဉ်ဟာ ဆိုးရွားနေတဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ကို ပြန်လည် ကုစားဖို့ ခရီးစဉ် အဖြစ်လည်း ရှုမြင်နေကြပါတယ်။

အခု လောလောဆယ်မှာ အမေရိကန်နဲ့ ဗြိတိန် ဆက်ဆံရေးက တင်းမာနေ ပါတယ်။

ဒါဟာ အီရန်နဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲကို ဗြိတိန် ဘက်က အပြည့်အဝ ထောက်ခံဖို့ တွန့်ဆုတ်နေတဲ့ အတွက် ဖြစ်ပါတယ်။

ဒါကြောင့် ချားလ်စ်ဘုရင်ရဲ့ ရည်ရွယ်ချက် ကတော့ အင်္ဂါနေ့မွန်းလွဲပိုင်းမှာ ကွန်ဂရက် လွှတ်တော်မှာ မိန့်ခွန်းပြောကြားရင်းနဲ့ ဒီတင်းမာမှုတွေကို သံတမန်ရေး အရ လျှော့ချသွားဖို့ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း မျှော်လင့်ချက် ရှိပါသေးတယ်။

သမ္မတ ဒေါ်နယ်ထရမ့် ဆိုတာ စိတ်နေ သဘောထား ပြောင်းလဲလွယ်သူ တယောက်ပါ။

နွေးထွေးတဲ့ ဆက်ဆံရေး ကနေ ရုတ်တရက် အေးစက် သွားနိုင်သလို၊ ပြန်ပြီး တော့လည်း နွေးထွေးသွားနိုင်ပါတယ်။

အရင်က ရန်ဘက်ဖြစ်ခဲ့သူတွေတောင် သမ္မတရဲ့ ယုံကြည်မှုကို ပြန်ရပြီး သူချစ်ခင်တဲ့ သူစာရင်းထဲ ပြန်ရောက် သွားတာမျိုးတွေ ရှိတတ်ပါတယ်။

မိန့်ခွန်းရဲ့ အဆုံးသတ်မှာ ချားလ်စ်ဘုရင်က နှစ်နိုင်ငံကြား ရာစုနှစ်ပေါင်း များစွာ ကြုံတွေ့ခဲ့ရတဲ့ ဆက်ဆံရေးတွေမှာ ပြန်လည် သင့်မြတ်ရေးနဲ့ အသစ်ပြန်လည် စတင်ခြင်း ဆိုတဲ့ အကြောင်းအရာကို ထည့်သွင်း ပြောကြားသွားပါတယ်။

အခုလို လူသိရှင်ကြားပြောသွားတဲ့ စကားတွေနဲ့ တံခါးပိတ် ဆွေးနွေးပွဲ တွေက ဗြိတိန်-အမေရိကန် မဟာမိတ် ဆက်ဆံရေးကို ပြန်လည် ခိုင်မာစေဖို့ လုံလောက်ပါ့ မလားဆိုတာ ကတော့ စောင့်ကြည့်ရဦးမှာပါ။

#နေတိုး မဟာမိတ်အပေါ် အလေးထားပြောကြား

——————————————

နေတိုး – အတ္တလန္တိတ် မဟာမိတ်အဖွဲ့ အပေါ် အလေးပေး ပြောကြားချက် မှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာရဲ့ စကားကို ကိုးကားပြီး ဘုရင်က အတ္တလန္တိတ် မိတ်ဖက် ဆက်ဆံရေး အကြောင်း ပြောပါတယ်။

အဲဒီနောက် အမေရိကန်နဲ့ ဥရောပ မဟာမိတ်တွေကြားမှာ ပြောနေကြ အတိုင်း နေတိုး အဖွဲ့ဟာ အဖွဲ့ဝင်နိုင်ငံ တခုကို ကာကွယ်ဖို့အတွက် တကြိမ်တည်းသော စစ်ရေးလှုပ်ရှားမှု လုပ်ခဲ့ဖူးတာ ကတော့ အယ်လ်ကိုင်ဒါရဲ့ ၉/၁၁ အကြမ်းဖက် တိုက်ခိုက်မှု အပြီးမှာ ဖြစ်တယ်လို့ ထည့်သွင်း ပြောကြားသွားပါတယ်။

ဗြိတိန်နိုင်ငံရဲ့ ဂုဏ်ယူစရာ ဖြစ်တဲ့ ဗြိတိသျှ ရေတပ်ကို ထရမ့်က အရင်က ဝေဖန်ခဲ့ဖူးပါတယ်။

သူတို့ရဲ့ သင်္ဘောတွေကို ကစားစရာတွေ လို့ ခေါ်ခဲ့ပြီး လေယာဉ်တင် သင်္ဘောတွေကိုလည်း အလုပ်မဖြစ်ဘူး လို့ ပြောဆိုခဲ့ဖူးပါတယ်။

ဗြိတိသျှရေတပ်မှာ ၅ နှစ်တာ တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ ချားလ်စ်ဘုရင် ကတော့ သူ့ရဲ့ စစ်မှုထမ်းဟောင်း ဘဝကို ထည့်သွင်း ပြောကြားသွား ပါတယ်။

ဒါကို အကြောင်းပြုပြီး နှစ်နိုင်ငံကြား၊ အမေရိကန်နဲ့ ဥရောပ ကြားက လုံခြုံရေးနဲ့ ထောက်လှမ်းရေး ဆက်ဆံမှုတွေ ကနေ ရရှိတဲ့ အကျိုးကျေးဇူး တွေကို သူက ထောက်ပြသွားခဲ့ပါတယ်။

ဘုရင်က သူအမြဲတမ်း စိတ်ပူပန်နေတဲ့ ရာသီဥတု ပြောင်းလဲမှု ပြဿနာ အကြောင်းကိုလည်း သူက ထည့်သွင်းပြောကြားဖို့ အခွင့်သာခဲ့ပါတယ်။

အတ္တလန္တိတ် သမုဒ္ဒရာရဲ့ အနက်ရှိုင်းဆုံး နေရာကနေ အာတိတ်ဒေသမှာ အရည်ပျော်ကျ နေတဲ့ ရေခဲပြင်တွေအထိ၊ အမေရိကန် လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ မဟာမိတ်တွေရဲ့ စွမ်းဆောင်ရည်တွေဟာ နေတိုးရဲ့ အဓိက ဗဟိုချက်မ ဖြစ်ပါတယ်။

တဦးနဲ့တဦး ကာကွယ်ဖို့ ကတိကဝတ် ပြုထားသလို၊ ကျွန်တော်တို့ရဲ့ နိုင်ငံသားတွေနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးပြီး မြောက်အမေရိက တိုက်သားတွေနဲ့ ဥရောပ တိုက်သားတွေကို ဘုံရန်သူတွေ ဆီကနေ လုံခြုံအောင် ထားရှိပေးမှာပါလို့ သူက ပြောကြားသွားပါတယ်။

ref: bbc

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version