ဧပြီ ၂၅ – ၂၀၂၆
ချင်းညီနောင်ပူးပေါင်း တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းမြို့ကို စစ်တပ်တွေက ဒီကနေ့မှာ ပြန်လည် ထိန်းချုပ် လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဖလမ်းမြို့နယ်မှာ ချင်းညီနောင် တပ်ဖွဲ့တွေနဲ့ စစ်တပ်အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က မြေပြင်စစ်ကြောင်းအပြင် လေကြောင်း နဲ့ လက်နက်ကြီး ပစ်ခတ်မှု အပါအဝင် အင်အား အများ အပြားနဲ့ ထိုးစစ်ဆင် တိုက်ခိုက် ခဲ့တဲ့အတွက် ဧပြီ ၂၅ ရက်နေ့မှာ ဖလမ်းမြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဖလမ်းမြို့က ချင်းပြည်နယ်မှာ လေယာဥ်ကွင်းရှိတဲ့ တခုတည်းသော မြို့ဖြစ်သလို ပြည်နယ်ရဲ့ ဒုတိယမြို့တော်လည်းဖြစ်ပြီး စစ်ရေးအရ နှစ်ဘစလုံး အတွက် အရေးပါတဲ့ မြို့ ဖြစ်ပါတယ်။
ဖလမ်းမြို့နယ်ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလမှာ CB ချင်းညီနောင် ပူးပေါင်း တပ်တွေက သိမ်းပိုက်ခဲ့တာဖြစ်ပြီး အဲဒီနောက် စက်တင်ဘာလမှာ စစ်တပ်က ကလေး-နတ်ချောင်း-ဝေဘူလ-ဖလမ်း ကားလမ်း ကနေ စစ်အင်အား ဖြည့်ပြီး စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၆ ဧပြီလမှာတော့ တိုက်ပွဲက ပိုမို ပြင်းထန်လာကာ ချင်းညီနောင် ပူးပေါင်းတပ်တွေ နောက်ဆုတ် ပေးလိုက်ရကာ ဖလမ်းကို တပ်က ပြန်လည် ထိန်းချုပ်နိုင်သွားတာ ဖြစ်ပါတယ်။
ဖလမ်းမြို့ကိုတော့ ချင်းညီနောင် ပူးပေါင်းတပ်တွေက ၂၀၂၅ ခုနှစ် ဧပြီလမှာ သိမ်းပိုက်ပြီး တနှစ်အကြာမှာ ပြန်လည် လက်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။
crd – VOM
—————————
THN Public Media
