ဧပြီ ၂၅ – ၂၀၂၆
လာမယ့် ဧပြီ ၂၈ ရက်နေ့ မှာ ထိုင်းမြန်မာနယ်စပ် မြဝတီမြို့က ထိုင်း မြန်မာ ချစ်ကြည်ရေး အမှတ် ၂ တံတား ကို တရားဝင် ပြန်ဖွင့်ဖို့ မြန်မာ ဘက်က ပြင်ဆင်ဆောင်ရွက်နေကြောင်း ထိုင်း သတင်းမှာ ဖေါ်ပြထား ပါတယ်။
ထိုင်းမြန်မာ နယ်စပ် မြဝတီ မဲဆောက် နယ်စပ်ကုန်သွယ်ရေးကို ကာလကြာရှည် ပိတ်ထားခဲ့ပြီးနောက် အခုအခါ ပြန်ဖွင့်ပြီး ကုန်သွယ်မှု ပြန်လည် မြှင့်တင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ အချိန်မှာတော့ ကုန်တင်ကားတွေနဲ့ ကုန်စည်တွေကို စတင် သယ်ယူ ပို့ဆောင်နေပြီ ဖြစ်တယ်လို့ ထိုင်း သတင်းက ဆိုပါတယ်။
Ref: Thai PBS North
—————————
THN Public Media
