ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ဆာရာဖီ ရပ်ကွက်ရှိ ဇိမ်ခံအိမ် တအိမ် မှာ ဖုန်းအလုံး ၂ဝဝ နီးပါး အသုံးပြုကာ နေ့စဉ်ဘတ် ၄ဝဝဝဝဝ ခန့် ငွေရှာနေတဲ့ တရုတ် ကော်လ်စင်တာဂိုဏ်းကို လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းမှာ ဖေါ်ပြထားပါတယ်။
မနေ့ ညနေ ၃ နာရီ လောက်မှာ ရဲမှူးကြီးဦးဆောင်တဲ့ အဖွဲ့က ဒီ ကော်လ်စင်တာဂိုဏ်းကို ဝင်ရောက် ရှာဖွေ ခဲ့တာ ဖြစ်ကြောင်း ချင်းမိုင် လူဝန်မှု ကြီးကြပ်ရေးဌာန က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။
ထိုင်းသတင်းဖော်ပြချက်အရ နေ့စဉ် ဘတ်ငွေ ၄၀၀၀၀၀ ကျော် လွှဲပြောင်းနေတဲ့ ထိုင်းဘဏ်စာအုပ် ၂၀၀ ကျော်နဲ့ ငွေလွှဲလက်ခံဖို့ အသုံးပြုတဲ့ မိုဘိုင်းဖုန်း ၁၇၄ လုံး၊ ATM ကတ် ၇၃ ခု နဲ့ ကွန်ပျူတာ ၂ လုံးတို့ ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
တရုတ်လူမျိုးတဦးနဲ့ အိမ်စောင့် တဦးတို့ကို ဖမ်းမိခဲ့ပြီး အိမ်ကို ရှာဖွေနေစဉ် အိမ်ကို လာရောက်တဲ့ နောက်ထပ် တရုတ်အမျိုးသား တဦးကို ထပ်မံတွေ့ရှိခဲ့ပြီး သူနဲ့ အတူ ဆက်သွယ်ရေး ပစ္စည်းတွေ၊ ဘဏ်အကောင့်တွေ နဲ့ အတူ ကားကိုပါ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
လူဝင်မှုကြီးကြပ်ရေးဗျူရို ၅ ရဲ့ ရဲမှူးချုပ် စရဝုဒ်ကွန်ယိုင်က ဒီသံသယရှိသူတွေဟာ ထိုင်းနိုင်ငံသား တွေကို လိမ်ညာနေတဲ့ ကောလ်စင်တာကွန်ရက် က ဖြစ်ကြောင်း၊ သိမ်းဆည်းမိတဲ့ ဘဏ်အကောင့် တွေနဲ့ ATM ကတ်တွေဟာ ထိုင်းနိုင်ငံသား နာမည်တွေ ပါဝင်နေတာကြောင့် ထိုင်းနိုင်ငံ သားတွေကို တိုက်ရိုက် ထိခိုက်နစ်နာစေတဲ့ အမှုဖြစ်ကြောင်း ထုတ်ဖော်ပြောကြားပါတယ်။
တရုတ်ကော်လ်စင်တာ ဟာ ဘယ်လို နည်းလမ်းတွေကို အသုံးပြု လိမ်လည်ခဲ့တယ်ဆိုတာကို ဆက်လက် စုံစမ်းစစ်ဆေး မှာ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။
သံသယရှိသူတွေနဲ့ သက်သေခံပစ္စည်းတွေကို နည်းပညာ မှုခင်းနှိမ်နင်းရေး ဌာနခွဲကို ပို့ဆောင်ခဲ့ပြီး စစ်ဆေး အရေးယူမှာ ဖြစ်ကြောင်း ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။
Photo – MGR
Crd – Migrant Times
—————————
THN Public Media
